ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော ရေငံငါးခြောက်ဈေးနှုန်းများ

Powered by Drupal

       ၉.၁၁.၂၀၂၃  မှ ၁၃.၁၁.၂၀၂၃ ရက်ထိ ဖြစ်ပေါ်သောရေငံငါးခြောက်ဈေးနှုန်းများအနေဖြင့် ကလိန်ခြောက် ၁ ပိဿာလျှင် ၉၀၀၀/- ကျပ်မှ ၉၅၀၀/- ထိလည်းကောင်း၊ ငါးကွမ်းရှပ် ၁ ပိဿာလျှင် ၂၀၀၀၀/- ကျပ်မှ ၂၂၀၀၀/- ကျပ်ထိလည်းကောင်း၊ ငါးတံခွန် (မျင်းကြီး) ၁ ပိဿာလျှင် ၄၀၀၀၀/- ကျပ်မှ ၄၃၀၀၀/- ကျပ်ထိ လည်းကောင်း၊ ငါးတံခွန် (လုံး) ၁ ပိဿာလျှင် ၂၀၀၀၀/- ကျပ်မှ ၂၃၀၀၀/- ကျပ်ထိလည်းကောင်း၊ ငါးနှပ်ချိုခြောက် ၁ ပိဿာလျှင် ၁၅၀၀၀/- ကျပ်မှ ၁၈၀၀၀/- ထိလည်းကောင်း၊ ငါးပုတ်သင်ခြောက် ၁ ပိဿာလျှင် ၈၀၀၀/- ကျပ်မှ ၁၀၀၀၀/- ကျပ်ထိလည်းကောင်း၊ ငါးရောင် (ကြီး) ၁ ပိဿာလျှင်မှ ၃၀၀၀၀/- ကျပ်မှ ၃၃၀၀၀/- ကျပ်ထိလည်းကောင်း၊ ငါးရောင် (လတ်) ၁ ပိဿာလျှင် ၂၅၀၀၀/- ကျပ်မှ ၂၈၀၀၀/- ကျပ်ထိလည်းကောင်း၊ ဆီငါးရောင် ၁ ပိဿာလျှင် ၂၅၀၀၀/- ကျပ်မှ ၂၈၀၀၀/- ကျပ်ထိ လည်းကောင်း၊ ငါးမြီးတံသွယ် ၁ ပိဿာလျှင် ၄၀၀၀/- ကျပ်မှ ၄၅၀၀ ကျပ်ထိလည်းကောင်း၊ ငါးရွှေ (ကြီး) ၁ ပိဿာလျှင် ၁၅၀၀၀/- ကျပ်မှ ၁၈၀၀၀/- ကျပ်ထိလည်းကောင်း၊ ငါးရွှေ (သေး) ၁ ပိဿာ လျှင် ၈၀၀၀/- ကျပ်မှ ၉၀၀၀/- ကျပ်ထိလည်းကောင်း၊ ငါးဘူစီ ၁ ပိဿာလျှင် ၅၅၀၀/- ကျပ်မှ ၆၀၀၀/- ကျပ်ထိအသီးသီးဖြစ်ပေါ်ခဲ့ပြီး ဈေးနှုန်းများမှာ တည်ငြိမ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)