သီရိမင်္ဂလာဈေးရှိ သစ်သီးဝလံဈေးနှုန်းများ

Powered by Drupal

    ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ် သီရိမင်္ဂလာဈေးတွင် နိုဝင်ဘာလ ( ၈ ) ရက်နေ့ မှ နိုဝင်ဘာလ (၁၄) ရက်နေ့အထိဖြစ်ပေါ်ခဲ့သော သစ်သီးဝလံဈေးနှုန်းများမှာ ဝမ်းတွင်းမှ ဖရဲသီး (855) အလုံးကြီး ကျပ် ၉၀၀၀ ၊ အလုံးလတ် ကျပ် ၇၀၀၀၊ ဝမ်းတွင်းမှ ဖရဲသီး (211) အလုံးကြီး ကျပ် ၃၅၀၀၊ အလုံးလတ် ကျပ် ၂၅၀၀၊ အလုံးသေး ကျပ် ၂၀၀၀၊ မော်လမြိုင်မှ ကျွဲကောသီး အလုံးကြီး ကျပ် ၁၅၀၀၊ အလုံးလတ် ကျပ် ၁၀၀၀ ၊ အလုံးသေး ကျပ် ၇၀၀ ၊ တိုက်ကြီးမှ မာလကာသီး အလုံးကြီး ကျပ် ၃၀၀၊ အလုံးလတ် ကျပ် ၂၀၀၊ အလုံးသေး ကျပ် ၁၀၀ ၊ သီပေါမှ နာနတ်သီး အလုံးကြီး ကျပ် ၂၅၀၀၊ အလုံးလတ် ကျပ် ၂၀၀၀၊ အလုံးသေး ကျပ် ၁၅၀၀၊ အောင်ပန်းမှ ထောပတ်သီး တစ်အိတ် အလုံး ၈၀၊ ၁၀၀၊ ၁၂၀ လုံးပါ အလုံးကြီး ကျပ် ၅၀၀၀၀၊ အလုံးလတ် ကျပ် ၄၅၀၀၀၊ အလုံးသေး ကျပ် ၄၀၀၀၀ ၊ တိုက်ကြီးမှ ပီလောပီနံ တစ်ပိဿာ အလုံးကြီး ကျပ် ၁၀၀၀ ၊ အောင်ပန်းမှ လိမ္မော်သီး တစ်ပိဿာ အလုံးကြီး ကျပ် ၄၀၀၀၊ အလုံးလတ် ကျပ် ၃၀၀၀၊ အလုံးသေး ကျပ် ၂၀၀၀၊ ပြင်ဦးလွင်မှ ဘောက်သီး တစ်ပိဿာ အလုံးကြီး ကျပ် ၁၂၀၀၀၊ အလုံးလတ် ကျပ် ၁၀၀၀၀၊ အလုံးသေး ကျပ် ၈၀၀၀၊ ပြင်ဦးလွင်မှ ထောပတ်သီး ၁၈ လုံးပါ တစ်ဖာ ကျပ် ၂၅၀၀၀၊ ပြင်ဦးလွင်မှ အာတာလွတ် တစ်ပိဿာ ၂၅၀၀၊ ရှမ်းပြည်(မြောက်ပိုင်း)မှ ပန်းသီး စက္ကူပုံးတစ်ပုံး အလုံးကြီး ကျပ် ၄၀၀၀၀၊ အလုံးသေး ကျပ် ၃၅၀၀၀၊ ဘိုကလေးမှ ငှက်ပျောသီး (ဖီးကြမ်း) တစ်ဖီး အလုံးကြီး ကျပ် ၂၀၀၀၊ အလုံးသေး ကျပ် ၁၀၀၀ ၊ ကျောက်ဆည်၊ ပြည်မှ ရွှေငှက်ပျောသီး (၁) ဖီး အလုံးကြီး ကျပ် ၈၀၀၀၊ အလုံးသေး ကျပ် ၄၅၀၀ ၊ တောင်ငူ၊ ကျောက်ဆည်မှ တောင်ငူငှက်ပျောသီး (၁) ဖီး အလုံးကြီး ကျပ် ၇၀၀၀၊ အလုံးသေး ကျပ် ၃၅၀၀ ဈေးတို့ရှိကြောင်း သီရိမင်္ဂလာဈေးရှိ မြန်မာနိုင်ငံသစ်သီးဝလံပန်းမန် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း (MFVP) မှ သိရှိရပါသည်။

DOCA(ရန်ကုန်)