ဘုရင့်နောင်ကုန်စည်ဒိုင်ရှိ ကြက်သွန်နီဈေးနှုန်းများ

Powered by Drupal

    ရန်ကုန်တိုင်းဒေသကြီးသို့ ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးမှ ဝင်ရောက်လာသည့် ကြက်သွန်နီများသည် အနောက်ပိုင်းခရိုင် စားသုံးသူရေးရာဦးစီးဌာနကွပ်ကဲမှုအောက်ရှိ ဘုရင့်နောင်ကုန်စည်ဒိုင်သို့ နေ့စဉ် မော်တော်ယာဉ်များဖြင့် ဝင်ရောက်လျက်ရှိပါသည်။ ပွဲရုံများ၏  ကြက်သွန်နီလက်ကျန်  အခြေအနေများအား  အမှန်ကန်ဆုံး သိရှိနိုင်ရန်အတွက် ဘုရင့်နောင်ပွဲရုံဝင်းအတွင်းရှိ ကြက်သွန်နီပွဲရုံ (၄၀) အနက် Random စနစ်ဖြင့် ပွဲရုံ (၁၀) ရုံအား မေးမြန်းချက်များအရလည်းကောင်း၊ ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကြက်သွန်နီ နေ့စဉ်ဝင်ရောက်မှု စာရင်းများအရလည်းကောင်း၊ ကြက်သွန်နီလက်ကျန် အခြေအနေအား နေ့စဉ် စုံစမ်းလျက်ရှိပါသည်။ နိုဝင်ဘာလ(၄) ရက်မှ နိုဝင်ဘာလ(၁၀) ရက်နေ့အထိ ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကြက်သွန်နီဝင်ရောက်ရာဒေသများဖြစ်သည့် ဆိတ်ဖြူ၊ တောင်သာ၊ မြင်းခြံ (ကံဆင့်) ဒေသတို့မှ ကြက်သွန်နီ (၉၀၀၀၀၀) ပိဿာဝင်ရောက်ခဲ့ပြီး (၆၀) ရာခိုင်နှုန်းခန့် ပြန်လည်စီးထွက်မှုရှိ ကြောင်း သိရှိရပါသည်။ ထို့ကြောင့် ကြက်သွန်နီ လက်ကျန်မှာ (၃၆၀၀၀၀) ကျန်ရှိကြောင်း ကုန်စည်ဒိုင်သတင်းအရ သိရှိရသည်။ ဆိတ်ဖြူ ကြက်သွန်နီ (အသစ်) အချော တစ်ပိဿာ ကျပ် ၂၇၀၀၊ အသန့်မှာ တစ်ပိဿာ ကျပ် ၃၃၀၀ ၊ အကြီးမှာ ကျပ် ၃၆၀၀၊ ရှယ်မှာ ကျပ် ၃၈၀၀၊ တောင်သာ ကြက်သွန်နီ (အသစ်) အချော တစ်ပိဿာ ကျပ် ၂၅၀၀၊ အသန့်မှာ တစ်ပိဿာ ကျပ် ၃၀၀၀ ၊ အကြီးမှာ ကျပ် ၃၃၀၀၊ ရှယ်မှာ ကျပ် ၃၅၀၀ ၊ မြင်းခြံ (ကံဆင့်) ကြက်သွန်နီ (အသစ်) အချော တစ်ပိဿာ ကျပ် ၂၉၅၀၊ အသန့်မှာ တစ်ပိဿာ ကျပ် ၃၃၅၀ ၊ အကြီးမှာ ကျပ် ၃၆၅၀၊ ရှယ်မှာ ကျပ် ၃၉၅၀ ဈေးတို့အသီးသီးရှိကြောင်း စုံစမ်းသိရှိရပါသည်။

DOCA(ရန်ကုန်)