“ ဆန်စပါးစိုက်ပျိုးမှုနှင့် ဈေးကွက်အခြေအနေ ”

Powered by Drupal

     ရန်ကုန်တိုင်းဒေသကြီးအတွင်း စပါးစိုက်ပျိုးမှုအရ ၂၀၂၃-၂၀၂၄ ခုနှစ်တွင် မိုးစပါးကို(၁၁၄၅၀၀၀) လျာထားခဲ့ပြီး (၁၁၄၈၂၂၂)ဧက စိုက်ပျိုးနိုင်ခဲ့သည့်အတွက် ယခင်နှစ်ကာလတူ(၁၁၄၃၆၉၆) စိုက်ပျိုးနိုင်ခဲ့ကြောင့် (၄၅၂၆)ဧက ပိုမိုစိုက်ပျိုးနိုင်ခဲ့ပါသည်။ ရန်ကုန်တိုင်းဒေသကြီးခရိုင်များအနက် သန်လျင်၊ တွံတေးခရိုင်တို့သည် စပါးဧကအများဆုံး စိုက်ပျိုးပြီး တောင်ပိုင်းခရိုင်တစ်ခုလုံးအနေဖြင့် စုစုပေါင်းဧက (၈၀၀၀၀၀) ကျော် စိုက်ပျိုးနိုင်၍ စားသုံးပိုလျှံမှုအရ နှစ်စဉ်မိုးစပါး တစ်ဧကအထွက် နှုန်းပျှမ်းမျှရေတင်းနှုန်းဖြင့် မိုးစပါးတင်းပေါင်း (၅၃၆၀၀၀၀၀) ထွက်ရှိကာ (၂၆၆၀၀၀၀၀) တင်း ပိုလျှံမှုရှိပါသည်။ အများဆုံး စိုက်ပျိုးနိုင်သည့် စပါးအမျိုးအစားများမှာ ရွှေမန်း၊ GW-11၊ ငစိန်(ရာကျော်)စပါးမျိုး တို့ဖြစ်ပါသည်။ စိုက်ပျိုးထုတ်လုပ်မှုအရ တစ်ဧကကုန်ကျစရိတ် (၆၀၀၀၀၀) ဝန်းကျင်ရှိပြီး ယခင်နှစ်မိုးစပါးပေါ်ချိန်၌  ၄၆ ပေါင်ကိုက်စပါးတင်း (၁၀၀) လျှင် (၁၂၀၀၀၀၀-၁၃၀၀၀၀၀) ရှိခဲ့ပြီး ယခုနှစ်မိုးစပါးရာသီတွင် စပါးတင်း (၁၀၀) လျှင် (၁၃၅၀၀၀၀-၁၅၀၀၀၀၀) ရှိခြင်းကြောင့် တောင်သူများအနေဖြင့် သွင်းအားစု၊ ကုန်ကျစရိတ်များကြီးမြင့်သော်လည်း အကျိုးအမြတ် ရရှိနေကြကြောင်း သိရှိရပါသည်။ အလားတူစွာ သန်လျင်ခရိုင် ခရမ်း၊ သုံးခွမြို့နယ်များမှာ စပါးအပြင် ပဲတီစိမ်းကိုလည်း GAP စနစ်ဖြင့် နှစ်စဉ်စိုက်ပျိုးထုတ်လုပ်ကာ EU ဈေးကွက်သို့ တင်ပို့နေကြသဖြင့် စပါး၊ပဲတီစိမ်းတို့ကို အလေးထားစိုက်ပျိုးလျက်ရှိကြကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)