မတ်ပဲသီးနှံ စိုက်ပျိုးထုတ်လုပ်မှုနှင့် မျိုးပဲပေါက်ဈေး

Powered by Drupal

    ၂၀၂၂-၂၀၂၃ ခုနှစ်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း မတ်ပဲသီးနှံ စိုက်ဧက ၄၀၉၁၇ ဧက စိုက်ပျိုးခဲ့ပြီး အထွက်နှုန်းတစ်ဧကလျှင် ၁၆.၃၀ တင်းထွက်ရှိပြီး အထွက်တန်အားဖြင့် တန်ချိန် ၂၁၀၂၃ ထွက်ရှိခဲ့ကြောင်း သိရှိရပါသည်။  ရန်ကုန်တိုင်းဒေသကြီးတွင် မတ်ပဲသီးနှံအများဆုံးစိုက်ပျိုးသော မြို့နယ်များမှာ တိုက်ကြီးမြို့နယ်၊ မှော်ဘီမြို့နယ်နှင့် ထန်းတပင်မြို့နယ်တို့ဖြစ်ပြီး ယခင်နှစ် မတ်ပဲသီးနှံထွက်ရှိချိန် ယင်းမြို့နယ်များတွင် မတ်ပဲသီးနှံ(၇၂)ပေါင်ကိုက် တစ်တင်း၏ အဖွင့်ဈေး မှာ ကျပ် ၆၅၀၀၀/- မှ ၉၅၀၀၀/- ဈေး ပေါက်ခဲ့ကြောင်းနှင့် မတ်ပဲထွက်ပေါ်ချိန်ကုန်ဆုံးချိန်အထိ  တစ်တင်းလျှင် ကျပ် ၉၅၀၀၀/- ထိ အမြင့်ဆုံးဈေး ဖြစ်ပေါ်ခဲ့ကြောင်းနှင့် ဈေးကောင်းရရှိခဲ့ကြောင်း  သိရှိရပါသည်။ ယခုကာလတွင် မျိုးမတ်ပဲတစ်တင်းလျှင် ကျပ်  ၁၃၀၀၀၀/- ပေါက်ဈေးဖြင့် ဈေးကွက်တွင် ဖြစ်ပေါ်လျက်ရှိပါသည်။

     ယခု ၂၀၂၃-၂၀၂၄ ခုနှစ် ဆောင်းရာသီ၌ ရန်ကုန်တိုင်းဒေသကြီးအတွင်းတွင် မတ်ပဲသီးနှံ ၄၃၆၈၆ ဧက စိုက်ပျိုးရန် ရည်မှန်းလျာထားဆောင်ရွက်လျက်ရှိပြီး အောက်တိုဘာ လမှ စတင်၍ စိုက်ပျိုးလျက်ရှိပြီး ခန့်မှန်းအထွက်နှုန်း တစ်ဧကလျှင် ၁၆.၆၄ တင်း၊ အထွက်တန် အားဖြင့် တန်ချိန် ၂၂၉၁၄ ကျော် ထွက်ရှိမည်ဟု မျှော်မှန်းထားကြောင်း သိရှိရပါသည်။ မတ်ပဲထွက်ပေါ်ချိန်၌ တစ်တင်းပေါက်ဈေးမှာ ကျပ် ၉၁၀၀၀/- ထိ ဖြစ်ပေါ်လိမ့်မည်ဟု နယ်ကုန်သည်နှင့် လယ်သမားအများစုက တွက်ဆလျက်ရှိကြောင်း စုံစမ်းသိရှိရပါသည်။         

DOCA(ရန်ကုန်)