ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ သိမ်ဖြူဈေးကြီးသို့ ဘုရင့်နောင်ကုန်စည်ဒိုင်နှင့် ရှမ်းပြည်နယ်တို့မှ ကြက်သွန်ဖြူ၊ ကြက်သွန်နီများ ကား/ရထားတို့ဖြင့် နေ့စဉ် ဝင်ရောက်လျက်ရှိပြီး လက်လီ/လက်ကားပြန်လည်ရောင်းချလျက်ရှိရာ (၉-၁၁-၂၀၂၃) ရက်နေ့မှ (၁၅-၁၁-၂၀၂၃) ရက်နေ့အတွင်း ကြက်သွန်နီ(ဆိပ်ဖြူ) အဝင် ၃၂၆၀၀ပိဿာနှင့် ကြက်သွန်ဖြူ (ကြူကုတ်) ၈၁၅၀ပိဿာဝင်ရောက်ခဲ့ကြောင်း၊ ကြက်သွန်နီ(ဆိပ်ဖြူ) လက်ကားဈေးမှာ တစ်ပိဿာလျှင် ၂၇၀၀/-ကျပ်မှ ၃၉၀၀/-ကျပ်ထိဖြစ်ပြီး ကြက်သွန်ဖြူ (ကြူကုတ်) လက်ကားဈေးမှာ တစ်ပိဿာလျှင် ၁၁၀၀၀/-ကျပ်မှ ၁၃၅၀၀/-ကျပ်ထိဖြစ်ပေါ် လျက်ရှိကြောင်းသိရှိရပါသည်။
DOCA(ရန်ကုန်)