မိတ္ထီလာမြို့တွင်ရောင်းချနေသော အခြေခံစားကုန်ဈေးနှုန်းများ

Powered by Drupal

       ၂၀၂၃ ခုနှစ် ၊ နိုဝင်ဘာလလ ဒုတိယပတ်အတွင်းမိတ္ထီလာမြို့နယ်တွင် အခြေခံစားသောက်ကုန်များဖြစ်သော စိုက်ပျိုးရေးထွက်ကုန်ဈေးနှုန်းများမှာ ဧည့်မထဆန် တစ်ပြည် ၅၇၀၀ အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ စားအုန်းဆီ တစ်ပိဿာလျှင် ၅၂၀၀ကျပ်၊ မြေပဲဆီ တစ်ပိသာလျှင် ၁၃၅၀၀ ကျပ် ၊ နှမ်းဆီ တစ်ပိဿာလျှင် ၁၃၅၀၀ကျပ်တို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိသည်။ ကြက်သွန်နီဈေးနှုန်းမှာ လက်လီတစ်ပိဿာ ၃၅၀၀ ကျပ် ၊ ကြက်သွန်ဖြူ တစ်ပိဿာလျှင် ၁၅၀၀၀ ကျပ်၊ ချင်းတက် တစ်ပိဿာ လျှင် ၅၀၀၀ကျပ် ၊ ငရုတ်သီးခြောက်အမျိုးအစားအလိုက် ၁၁၀၀၀ ကျပ်မှ ၁၂၀၀၀ ကျပ်ထိ ၊ အာလူး တစ်ပိဿာလျှင် ၂၈၀၀ ကျပ် ၊ ခရမ်းချဉ်သီးတစ်ပိဿာလျှင် ၁၅၀၀ ကျပ်နှင့် ကန်စွန်းရွက်၊ ချဉ်ပေါင်ရွက်၊ မုန်ညှင်းရွက်၊ ဆလပ်ရွက် တစ်စည်းလျှင် ၂၀၀ ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

     မွေးမြူရေးထွက်ကုန်များဖြစ်သော ကြက်ဥလက်လီဈေးနှုန်းမှာ အကြီးတစ်လုံး ၂၅၀ ကျပ်၊ အသေးတစ်လုံး ၂၀၀၊ ဘဲဥကြီး တစ်လုံး ၃၅၀ ကျပ်၊အသေးတစ်လုံး ၃၀၀ ကျပ်ရှိသည်။ မိတ္ထီလာမြို့၏ သား/ငါးဈေးနှုန်းနှင့် ငါးခြောက်ဈေးနှုန်းများမှာ ကြက်သား (ဒေသကြက်)တစ်ပိဿာလျှင် ၁၈၀၀၀ ကျပ်၊ ကြက်သား (CP)တစ်ပိဿာလျှင် ၁၀၀၀၀ ကျပ်၊ ဝက်သား တစ်ပိဿာလျှင် ၂၀၀၀၀ ကျပ်  ၊ အမဲသား တစ်ပိဿာလျှင် ၁၆၀၀၀ ကျပ်ထိ ၊ ငါးကြင်းတစ်ပိဿာလျှင် ၁၂၀၀၀ ကျပ်၊ ငါးမြင်းတစ်ပိသာ ၁၆၀၀၀၊ ငါးမြစ်ချင်းတစ်ပိဿာလျှင် ၈၀၀၀ ကျပ်၊ ငါးတန်တစ်ပိဿာလျှင် ၁၀၀၀၀ ကျပ် ၊ ငါးခူတစ်ပိဿာလျှင် ၁၀၀၀၀ ကျပ်၊ ငါးရံ့တစ်ပိဿာလျှင် ၁၂၀၀၀ ကျပ်၊ ငါးဖယ် တစ်ပိဿာလျှင် ၁၁၀၀၀ ကျပ်၊ ငါးခြောက်လက်လီဈေးနှုန်းမှာ အာပြဲခြောက် တစ်ပိဿာ ၂၃၀၀၀ ကျပ် ငါးရံ့ခြောက်တစ်ပိဿာ ၅၀၀၀၀ ကျပ်၊ ငါးတံခွန်ခြောက်တစ်ပိဿာ ၁၅၀၀၀ ကျပ်၊ ငါးနီတူခြောက် တစ်ပိဿာ ၁၂၀၀၀ကျပ်၊ ငါးရောင်ခြောက် တစ်ပိဿာ ၃၂၀၀၀ ကျပ်၊ ပုစွန်ခြောက် တစ်ပိဿာ ၃၅၀၀၀ ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)