တညင်းကုန်းလက်ကားဈေးကြီးတွင် ရက်သတ္တပတ်အတွင်းရောင်းချနေသော ကုန်ဈေးနှုန်းအခြေအနေ

Powered by Drupal

     အင်းစိန်မြို့နယ်ရှိ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့မှ နိုဝင်ဘာလ(၁၄)ရက်နေ့အတွင်း ညောင်တုန်း၊ မှော်ဘီ၊ သာရဝေါ၊ ညောင်နှစ်ပင်ကျေးရွာ၊ ကြာကန်စုကျေးရွာ၊ နေပြည်တော်၊ တပ်ကုန်း၊ ရွှေဒါး၊  မင်္ဂလာဒုံ၊ အင်းစိန်၊ ခရမ်း၊ သုံးခွ၊ ပြည်၊ လက်ပံတန်း၊ မင်းလှ၊ ဝါးနက်ချောင်း၊ မော်လမြိုင်၊ မန္တလေး၊ အုတ်ဖိုနှင့် ရှမ်းပြည်နယ်တို့မှ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်များ အများဆုံးဝင်ရောက်ရောင်းချနေကြောင်းသိရှိရပါသည်။ ထိုသို့ဝင်ရောက်ရာတွင် ယခုရက်သတ္တပတ်အတွင်း ခရမ်းချဉ်သီးထိုင်ဝမ်တစ်ပိဿာလျှင် ကျပ် (၁၂၀၀မှ ၁၈၀၀) အတွင်း၊ ဂေါ်ဖီထုပ်တစ်ထုပ်လျှင် ကျပ် (၄၀မှ ၁၀၀၀) အတွင်း၊ ပန်းဂေါ်ဖီတစ်ထုပ်လျှင်ကျပ် (၇၀၀မှ ၁၈၀၀) အတွင်း၊ အာလူးတစ်ပိဿာလျှင် ကျပ် (၃၂၀၀မှ ၃၅၀၀) အတွင်း၊ မုန့်လာဥနီတစ်ပိဿာလျှင် ကျပ် (၃၀၀၀မှ ၃၅၀၀) အတွင်း ရွှေဖရုံသီးတစ်လုံးလျှင် ကျပ် (၉၀၀မှ ၅၄၀၀) အတွင်း၊ ဘူးသီးတစ်လုံးလျှင် ကျပ် (၁၀၀၀မှ ၂၅၀၀) အတွင်း၊ မုန်ညှင်း(ထုပ်)တစ်ပိဿာလျှင် ကျပ် (၃၀၀၀မှ ၄၅၀၀) အတွင်း၊ ကြက်သွန်နီ(ဆိပ်ဖြူ)တစ်ပိဿာလျှင် ကျပ် (၂၇၀၀မှ ၃၇၀၀) အတွင်း၊ ကြက်သွန်ဖြူ(ရှမ်း)တစ်ပိဿာလျှင် ကျပ် (၁၂၀၀၀မှ ၁၄၀၀၀) အတွင်း၊ ကြက်သွန်ဖြူ (ကြူကုတ်) တစ်ပိဿာလျှင် ကျပ် (၁၂၀၀မှ ၁၅၀၀) အတွင်း၊ ချင်းတစ်ပိဿာလျှင် ကျပ် (၄၅၀၀မှ ၅၅၀၀) အတွင်း၊ ဆလပ်ရွက်တစ်စည်းလျှင် ကျပ် (၃၀၀မှ ၄၀၀) အတွင်း၊ ချဉ်ပေါင်ရွက်တစ်စည်းလျှင် ကျပ် (၁၀၀မှ ၃၀၀) အတွင်း၊ ခရမ်းသီး  (ရှည်) တစ်ပိဿာလျှင် ကျပ် (၁၃၀၀မှ ၁၈၀၀) အတွင်း၊ သံပရာသီးတစ်လုံးလျှင် ကျပ် (၈၀မှ ၁၂၀) အတွင်း၊ ငရုတ်သီးစိမ်း (ကျောက်စိမ်း) တစ်ပိဿာလျှင် ကျပ် (၃၀၀၀မှ ၄၅၀၀) အတွင်း၊ ဖရဲသီး (အကြီး၊ အလတ်၊ အသေး) တစ်လုံးလျှင် ကျပ် (၁၅၀၀မှ ၆၀၀၀) အတွင်းဖြစ်ကြောင်းသိရှိရပါသည်။ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ ယခုရက်သတ္တပတ်အတွင်း သံပရာသီးအလုံးပေါင်း (၁၄၃၀၁၇၀)ကျော်၊ ခရမ်းသီး(ရှည်) (ပိဿာ) (၃၁၈၄၀)ကျော်၊ ဘူးသီးအလုံးပေါင်း (၁၀၇၁၇) ကျော်၊ ရွှေဖရုံသီးအလုံးပေါင်း(၁၈၁၀၀)ကျော်၊ ဂေါ်ဖီထုပ်ပေါင်း (၆၆၀၀၀)ကျော်၊ ပန်းဂေါ်ဖီထုပ်ပေါင်း (၄၃၇၆၅)ကျော်၊ မုန်ညှင်းထုပ်(ပိဿာ) ပေါင်း(၁၀၈၄၀) ကျော်၊ ဖရဲသီးလုံးပေါင်း (၂၆၃၅၀)ကျော် အသီးသီးကုန်အဝင်ရှိကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)