တိုက်ကြီးမြို့နယ်၏ မတ်ပဲသီးနှံစိုက်ပျိုးမှုအခြေအနေ

Powered by Drupal

    တိုက်ကြီးမြို့နယ်သည် ရာသီအလိုက် သီးနှံအမျိုးအစားမျိုးစုံစိုက်ပျိုးသော မြို့နယ်တစ်မြို့ဖြစ်ပါသည်။ စိုက်ပျိုးရေးကို အဓိကထား၍ လုပ်ကိုင်ဆောင်ရွက်လျက်ရှိရာ ယခုကာလ ဆောင်းရာသီတွင် မတ်ပဲသီးနှံကို စတင်စိုက်ပျိုးနေပါသည်။ မတ်ပဲသီးနှံကို (၂၀၂၂-၂၀၂၃) ခုနှစ်တွင် (၃၂၉၇၄) ဧကရည်မှန်း၍ (၃၃၉၉၅)ဧကစိုက်ပျိုးခဲ့ရာ (၁၆.၈၄%)ထွက်ရှိခဲ့ပြီး အထွက်(၅၇၂၄၇၆)တင်းထွက်ရှိခဲ့ပါသည်။ ယခုနှစ် (၂၀၂၃-၂၀၂၄) ခုနှစ် (၁)နှစ်လုံး စိုက်ဧက (၃၂၉၇၄)ဧကစိုက်ပျိုးရန် ရည်မှန်းထားပြီး ယခုနှစ်ဆောင်းရာသီ၌ မတ်ပဲသီးနှံကို အောက်တိုဘာလတွင် စတင်စိုက်ပျိုး၍ အောက်တိုဘာလကုန်အထိ (၁၀၄၈)ဧကစိုက်ပျိုးပြီးစီးဖြစ်ကြောင်းနှင့် တိုက်ကြီးမြို့နယ်သည် ဆောင်းသီးနှံ မတ်ပဲကို အဓိကထား၍ စိုက်ပျိုးထုတ်လုပ်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)