ဝယ်ဈေးနှင့်ရောင်းဈေးမကိုက်သည့် ကြက်သွန်နီဈေး

Powered by Drupal

မိတ္ထီလာဈေးကွက်တွင် ကြက်သွန်နီ လှောင်ကုန်သမားများမှ ဈေးမြင့်ခေါ်ရောင်းဝယ်နေသော်လည်း နယ်ဝေးပို့သော ကုန်သည်များမှာ ထိုဈေးဖြင့် မဝယ်ယူနိုင်ကြောင်းသိရသည်။ လက်ရှိဈေးကွက်တွင် အရောင်းအဝယ်ဖြစ်သော ကြက်သွန်နီများမှာ ယခင်နှစ် ဆောင်းကြက်သွန်များဖြစ်၍ အရည်အသွေးကျဆင်းခြင်း၊ မလှခြင်းများ ဖြစ်နေပါသည်။ ထို့အပြင် ရေရှည်အထားမခံသော်လည်း စားသုံးရန်သင့်လျော်သည့် ကြက်သွန်နီများ ထွက်ပေါ်လာသည့်အတွက် နယ်ပွဲစားများအနေနှင့် ၎င်းတို့ခေါ်ဈေးဖြင့်သာ ဝယ်ယူတင်ပို့နိုင်ကြောင်း သိရသည်။ ဒေသတွင်း စားသုံးရန်အတွက် ရန်ကုန်၊ ပဲခူး ဝယ်လက်တို့မှ ပုံမှန်ဝယ်လိုအားနှင့် မြဝတီမှလည်း ဝယ်လိုအားရှိနေကြောင်း ဈေးကွက်မှသိရသည်။
DOCA(မန္တလေး)