မိတ္ထီလာ ကြက်သွန်နီဈေးကွက်

Powered by Drupal

မိတ္ထီလာခရိုင်အတွင်း ဆောင်းကြက်သွန်လက်ကျန်နည်းလာပြီး မိုးကြက်သွန်နီကို မလှိုင်မြို့နယ် ထန်းပင်ကန်၊ သပြေပင်ကျေးရွာတွင် စိုက်ပျိုးလျက်ရှိပါသည်။ လာမည့်ဒီဇင်ဘာလမှ စတင်ထွက်ပေါ် မည်ဖြစ်သော်လည်း ယခုနှစ်ကြက်သွန်နီ ဈေးကောင်းနေခြင်းကြောင့် မိုးကြက်သွန်မှာလည်း ဈေးကောင်း ရနိုင်ဖွယ်ရှိကြောင်းသိရသည်။ ဒေသတွင်း ကြက်သွန်နီ နယ်ဝေးတင်ပို့မှုမှာ ရန်ကုန်သို့ (၁၂) ဘီး ကား ဖြင့် အခြားကုန်များဖြင့်ရော၍ ကုန်ချိန် (၁၀) တန်ခန့် ၊ပဲခူးသို့ (၆) ဘီးကားဖြင့် အခြားကုန်များဖြင့် ရော၍ (၁၀) တန်ခန့် တင်ပို့ကာ ကုန်တင်ခအနေဖြင့် တစ်ပိဿာလျှင် ရန်ကုန်သို့ (၁၁၀) ကျပ် ၊ ပဲခူးသို့ (၁၀၀) ကျပ်ရှိကြောင်း၊ ကြက်သွန်ဈေးမှာ တစ်ပိဿာ လက္ကားဈေး (၃၀၀၀) ၊ လက်လီဈေး ( ၃၂၀၀-၃၅၀၀) ကျပ် ရှိကြောင်း သိရသည်။
DOCA(မန္တလေး)