ဝါဈေးကွက်နှင့်ဈေးနှုန်း

Powered by Drupal

မန္တလေးတိုင်းဒေသကြီး ၊မိတ္ထီလာခရိုင်အတွင်း နိုဝင်ဘာလဆန်းပိုင်းမှစ၍ ဝါသီးနှံဈေးကွက်ကျယ်ပျံ့လာကြောင်း သိရသည်။ ဇွန်၊ ဇူလိုင်လများတွင် စတင်စိုက်ပျိုးကာ အောက်တိုဘာလမှစ၍ ဖေဖော်ဝါရီ၊ မတ်လအထိ ရာသီဥတုပုံမှန်ရှိပါက ကောက်သိမ်းနိုင်သော ဒေသတွင်းရှေ့မိရိုးဖလာမှစတင်ခဲ့သော သီးနှံဖြစ်ပါသည်။ ယခုနှစ်တွင် ဝါသီးနှံစိုက်ပျိုးမည့် ဇွန်၊ ဇူလိုင်လများ၌ မိုးနည်းသဖြင့် အစိုက်နောက်ကျခဲ့ပါသည်။ ၎င်းနောက်အပွင့်လှိုင်ချိန်၌လည်း မိုးများခဲ့သဖြင့် ထိခိုက်မှုရှိ၍ ဒေသတွင်း နှစ်စဉ် အောက်တိုဘာလ၌ ကောက်သိမ်းလေ့ ရှိသော်လည်း ယခုနှစ် နိုဝင်ဘာလဆန်းမှသာ စတင်ကောက်သိမ်းကြောင်း သိရသည်။ ကောက်သိမ်းလုပ်သားခအနေဖြင့် စတင်ကောက်သိမ်းချိန် ( အောက် လက်သိမ်း)၌ နေ့စားဖြင့် လုပ်သားတစ်ဦးလျှင် (၅၅၀၀-၆၀၀၀) ကျပ်ဖြင့် ပေးချေကာ ယခု လှိုင်လာချိန်၌ ကောက်သိမ်းစ မှာ တစ်ပိဿာလျှင် (၄၀၀) ကျပ်ဖြင့် ပေးချေကြောင်း သိရသည်။ ဝါဈေးမှာ လက်ရှိပေါက်ဈေးအနေဖြင့် တောင်သူရောင်းကွင်းဈေး (၂၈၅၀ -၂၉၀၀) ကျပ်နှင့် မိတ္ထီလာမြို့ပေါ်ဈေး (၃၀၀၀) ကျပ် ဝန်းကျင်ရှိကြောင်း ဈေးကွက်မှ သိရသည်။
DOCA(မန္တလေး)