“ပေါ်ဦးပေါ်စ မတ္တရာပဲ(ခ)ပဲစိမ်းများ ဈေးကောင်းရ”

Powered by Drupal

မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်အတွင်းတွင် သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ စားဖို ဆောင်သီးနှံများ ၊ နှစ်ရှည်သီးနှံများဖြစ်သော သရက် ၊ မာလကာသီးနှံများကိုလည်း စိုက်ပျိုးလျက်ရှိပါ သည်။ စားဖိုဆောင်သီးနှံ တစ်မျိုးဖြစ်သော မတ္တရာပဲများကိုလည်း မိသားစု အပိုဝင်ငွေရရှိရေး အတွက် သီးထပ် ၊ သီးညှပ်အဖြစ် စိုက်ပျိုးကြပြီး မိသားစုတစ်နိုင်တစ်ပိုင် စိုက်ပျိုးသူများရှိသလို စီးပွားဖြစ် ဧကအလိုက်စိုက် ပျိူးလာကြသူများ လည်းရှိပါသည် ။ တစ်ဧက ကုန်ကျစရိတ်အနေဖြင့် မျိုး၊ လုပ်သားခ၊ တိုင်ထောင်ဝါး တန်ဖိုးအပါအဝင် စုစုပေါင်း(၅၅၀၀၀၀)ကျပ် ခန့်ကုန်ကျကြောင်း ၊ မျိုးအနေဖြင့် တစ်ဧကလျှင် (၂)ပြည်ကုန်ကျပြီး တစ်ပြည်လျှင်(၇၀၀)ကျပ်ဖြင့် ဝယ်ယူစိုက်ပျိုး ရကြောင်း၊ ယခုနှစ် မိုးရွာသွန်းမှုကောင်းသောကြောင့် အပင်များအောင်မြင်ဖြစ်ထွန်း ပြီးအသီးအပွင့်များဝေဆာလျက် ရှိကြောင်း၊ယခုပဲပေါ်ချိန်တွင်ဖောက်သည်ဈေးအနေဖြင့်ပြည်လုံး ဈေး(၁)ပြည် လျှင်(၃၅၀၀)ကျပ် ရောင်းချရကြောင်း၊လက်လီဈေးသည်များက ပဲ(၂)ဘူးကို(၁၀၀၀)ကျပ် ဈေးများဖြင့်ရောင်းဝယ် လျက်ရှိပြီး ပေါ်ဦးပေါ်စဈေးကောင်းရရှိသဖြင့် တောင်သူများ ပဲစိုက်ရကျိူး နပ်ကြောင်း ၊ မတ္တရာပဲကို ထမင်းပူပူလေးဖြင့် ဆီဆမ်း၍စားသုံးကြသလို အခွံနွှာ၍ မတ္တရာပဲနှပ် ဆီးဖြူသီးထောင်းလေးဖြင့်စားသုံးလျှင်ခံတွင်းကိုမြိန်စေပါသည် ။ အကျိုးအမြတ်အနေဖြင့် ပဲထွက်ရှိမှု နှင့် ဈေးနှုန်းအပေါ်မူတည်၍ အကျိုးအမြတ်များရရှိကြောင်း ပဲစိုက်ပျိုးသော ကိုးပင်ကျေးရွာမှ တောင်သူတစ်ဦး၏ပြောကြားချက်အရ သိရှိရပါသည်။
DOCA(မန္တလေး)