“ကျောက်ဆည်ခရိုင်အတွင်း ရောင်းချနေသောအခြေခံစားကုန်များ၏ ဈေးနှုန်းအခြေအနေ”

Powered by Drupal

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်အတွင်း မြို့နယ်များရှိ စည်ပင်သာယာဈေးများတွင် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ဒုတိယပတ်အတွင်း ရောင်းချလျက်ရှိသော အခြေခံစားကုန်များမှာ ဧရာပဒေသာဆန် တစ်ပြည်(၅၇၀ဝိ/-)ကျပ်၊ ဧရာပဒေသာဆန်(၂၄)ပြည်တစ်အိတ်လျှင်(၁၃၅၀၀ဝိ/-) ကျပ်၊မနောသုခဆန် တစ်ပြည်(၄၀၀ဝိ/-)ကျပ်၊ မနောသုခဆန်(၂၄)ပြည်တစ်အိတ်လျှင် (၉၅၀၀ဝိ/) ကျပ် ၊ခရမ်းချဉ်သီး(ရှမ်း) လက်လီဈေးနှုန်းမှာတစ်ပိဿာလျှင်(၁၂၀ဝိ/-)ကျပ်၊ ကြက်သွန်နီလက်လီ ဈေးနှုန်းမှာ(ကြီး)တစ်ပိဿာလျှင်(၃၇၀ဝိ/-)ကျပ် ၊ (လတ်)တစ်ပိဿာလျှင် (၃၅၀ဝိ/-)ကျပ် ၊ (အသေး) တစ်ပိဿာလျှင်(၃၂၀ဝိ/-)ကျပ် ၊ ကြက်သွန်ဖြူလက်လီ(ရှမ်း) တစ်ပိဿာလျှင်(၁၄၅၀ဝိ/-)ကျပ် ၊ အာလူး တစ်ပိဿာလျှင်(၂၈၀ဝိ/-)ကျပ် ၊ မန်ကျည်းသီး (ဟောင်း) တစ်ပိဿာလျှင် (၄၅၀ဝိ/-)ကျပ်၊ မန်ကျည်းသီး(သစ်) တစ်ပိဿာလျှင် (၄၀၀ဝိ/-)ကျပ် ၊ ဂျင်း တစ်ပိဿာလျှင်(၃၅၀ဝိ/-) ကျပ် ၊ ဆား တစ်ပိဿာလျှင်(၅၀ဝိ/-)ကျပ်ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည် ။ ကျောက်ဆည်ခရိုင်၏ သား၊ငါးဈေးနှုန်းများမှာ ကြက်သား(ဗမာ) တစ်ပိဿာလျှင်(၁၈၀၀ဝိ/-)ကျပ်၊ ကြက်သား(CP) တစ်ပိဿာလျှင်(၁၂၀၀ဝိ/-)ကျပ်၊ ဝက်သား တစ်ပိဿာလျှင်(၁၈၀၀ဝိ/-)ကျပ်၊ အမဲသား တစ်ပိဿာလျှင် (၁၆၀၀ဝိ/-)ကျပ် ၊ ဆိတ်သား တစ်ပိဿာလျှင်(၂၇၀၀ဝိ/-)ကျပ် နှင့် ငါးအုံတုံ တစ် ပိဿာလျှင် (၁၀၀၀၀)ကျပ် ၊ ငါးမြစ်ချင်း တစ်ပိဿာလျှင်(၈၀၀၀)ကျပ် ၊ ဈေးနှုန်းများဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိပြီး ဆီဈေးနှုန်းများအနေဖြင့် ပဲဆီသန့် တစ်ပိဿာလျှင်(၁၃၀၀ဝိ/-)ကျပ်၊ နှမ်းဆီ သန့်တစ်ပိဿာလျှင်(၁၃၄၀ဝိ/-)ကျပ်၊ နေကြာဆီသန့်တစ်ပိဿာလျှင်(၁၄၀၀ဝိ/-)ကျပ် စျေးနှုန်းများ ဖြစ်ပြီး စားဆီ တစ်ပိဿာလျှင်(၅၁၀၈/-)ကျပ် ဈေးနှုန်းမှာ ဆိုင်ထိုင်ရောင်းစျေးနှုန်းဖြင့် အရောင်း အဝယ်ဖြစ်နေကြောင်းသိရှိရပါသည် ။ အခြေခံစားသောက်ကုန်များ၏ ဈေးနှုန်းများအား ယခင် နိုဝင်ဘာလ ပထမပတ်နှင့် နိုဝင်ဘာလ ဒုတိယပတ် နှိုင်းယှဉ်ပါက ကြက်သွန်နီ ၊ ကြက်သွန်ဖြူ ၊ ဂျင်း၊အာလူး၊စားအုန်းဆီစျေးနှုန်းများ အနည်းငယ်မြင့်တက်လျက်ရှိကြောင်း၊ ပဲဆီ၊နှမ်းဆီ၊နေကြာဆီ စျေးနှုန်းများမှာ အနည်းငယ်ကျဆင်းလျက်ရှိပြီး ကျန်အခြေခံစားသောက်ကုန်ဈေးနှုန်းများမှာ တည်ငြိမ်လျက်ရှိကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)