ရွှေဘိုမြို့ ကုန်းဘောင်ဈေးရှိ သစ်သီးဝလံဈေးနှုန်းများ

Powered by Drupal

     ရွှေဘိုမြို့၊ အမှတ်(၁၀)ရပ်ကွက်ရှိ ကုန်းဘောင်ဈေး၌ နိုဝင်ဘာလ တတိယပတ်တွင် ဖြစ်ပေါ်ခဲ့သော သစ်သီးဝလံဈေးနှုန်းများမှာ တောင်ကြီးမြို့နှင့်  ပြင်ဦးလွင်မြို့မှ ထွက်ရှိသည့် ထောပတ်သီးတစ်လုံးလျှင် (၅၀၀)ကျပ်မှ (၁၃၀၀)ကျပ်ထိ၊ ပန်းသီးတစ်လုံးလျှင် (၈၀၀)ကျပ်မှ (၃၀၀၀)ကျပ်ထိ၊ ပန်းသစ်တော်သီးတစ်လုံးလျှင် (၃၀၀၀)ကျပ်၊ မန္တလေးပွဲရုံများမှ မှာယူရောင်းချသည့် ပျားလိမ္မော် တစ်ပိဿာလျှင် (၁၂၀၀၀)ကျပ်၊ရွှေလိမ္မော် တစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ ကျွဲကောသီး တစ်လုံးလျှင် (၂၅၀၀)ကျပ်၊ ဩဇာသီး တစ်လုံးလျှင် (၃၀၀)ကျပ်မှ (၅၀၀)ကျပ်ထိ၊ ဇီးပန်းသီး တစ်လုံး (၂၅၀)ကျပ်၊ ယိုးဒယားသရက်သီး တစ်လုံး (၂၀၀၀)ကျပ်၊ သခွားမွှေး တစ်လုံးလျှင် (၃၀၀၀)ကျပ်၊ ရမည်းသင်း မြို့မှ ထွက်ရှိသည့် စပျစ်သီး အချွန်းသီး(အစေ့လွတ်) တစ်ပိဿာလျှင် (၁၆၀၀၀) ကျပ်၊ စပျစ်သီး အဝိုင်းသီး တစ်ပိဿာလျှင် (၁၄၀၀၀)ကျပ်၊ သလဲသီး တစ်လုံးလျှင် (၇၀၀) ကျပ်မှ (၁၃၀၀)ကျပ်ထိ၊ ဆားတောင်မြို့နှင့် ရွှေပန်းကုန်းရွာမှ ထွက်ရှိသည့် ငှက်ပျောသီး ဖီးကြမ်း တစ်ဖီးလျှင်(၂၀၀၀)ကျပ်၊ ဖရဲသီး တစ်လုံးလျှင် (၁၃၀၀)ကျပ်မှ (၂၀၀၀)ကျပ်ထိ၊ မာလကာသီး တစ်လုံးလျှင် (၃၅၀)ကျပ်၊ ဗန်းမော်မြို့မှ မှာယူရောင်းချသည့် သစ်ကြားသီး တစ်လုံးလျှင် (၁၅၀)ကျပ်ဖြင့် အသီးသီး အရောင်းအဝယ်ဖြစ်နေကြောင်း ကုန်းဘောင်ဈေးအတွင်း ရောင်းချသော သစ်သီးဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)