ဘားအံမြို့တွင် ဓာတ်မြေဩဇာနှင့်ပိုးသတ်ဆေးဈေးကွက်မှာ ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလတတိယပတ်တွင် အရောင်းအဝယ်ဖြစ်နေသော ဓာတ်မြေဩဇာဈေးနှုန်းများမှာ အာမို (15-15-15) ဓာတ်မြေဩဇာ တစ်အိတ်လျှင် ၁၅၀၀၀၀ ကျပ်၊ ရွှေကောမတ် (20-12-12) တစ်အိတ်လျှင် ၁၁၅၀၀၀ ကျပ်၊ ထိုင်း (46-0-0) တစ်အိတ်လျှင် ၉၅၀၀၀ ကျပ်၊ ရွှေတောင်ပံ (လေဆာ) တစ်အိတ်လျှင် ၂၅၀၀၀ ကျပ်၊ ရွှေနဂါး(ပုလဲသာ)တစ်အိတ်လျှင် ၇၈၀၀၀ ကျပ်၊ Caso4.2H2O-98 (ဂျစ်ဆန်) တစ်အိတ်လျှင် ၅၅၀၀ ကျပ် ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရသည်။
ပိုးသတ်ဆေးဈေးနှုန်းများအနေဖြင့် စိုက်ပါ (မာလာမြိုင်) (၁၀၀ စီစီ) တစ်ဗူးလျှင် ၃၅၀၀ ကျပ်၊ အလန်း 15 W ၁၀ ဂရမ် တစ်ထုပ်လျှင် ၂၀၀၀ ကျပ်၊ ဆာလဖာ ၅၀၀ ဂရမ် တစ်ထုပ်လျှင် ၆၅၀၀ ကျပ်တို့ဖြင့် အသီးသီးအရောင်းအဝယ်ဖြစ်ခဲ့ကြောင်း စိုက်ပျိုးရေးဆေးဆိုင်များမှ လေ့လာသိရှိရပါသည်။
DOCA(ကရင်)