ဧရာဝတီတိုင်းဒေသကြီး ဆန်စပါးဈေးကွက်နှင့် ဆန်စီးထွက်မှု

Powered by Drupal

     ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ ဆန်စပါးဈေးကွက်တွင် မိုးစပါးသစ်အနည်းငယ် ဈေးကွက်သို့ ဝင်ရောက်လျက်ရှိကြောင်း၊ စပါးသစ်လှိုင်လှိုင်မပေါ်ခင်မိုးစပါးသစ်ဈေးနှုန်းမှာ တင်း၁၀၀ ကျပ် ၁၈ သိန်းဝန်းကျင်နှင့် ဆန်တစ်အိတ် ကျပ် ၆၃၀၀၀ ခန့်ဈေးရှိကြောင်း၊ ယခင် နှစ်မိုးစပါးဟောင်းလက်ကျန်မှာ စက်ပိုင်းကုန်သည် လက်ကြီးသမားထံတွင်သာရှိ၍ မိုးဧည့်မထ အဟောင်းဆန်တစ်အိတ်ကို ကျပ် ၆၉၀၀၀ ဝန်းကျင်နှင့် ဈေးကွက်တွင်အရောင်းအဝယ်အေးလျက်ရှိကြောင်းသိရသည်၊၊

    ဟင်္သာတခရိုင် ဆန်စပါးဈေးကွက်တွင် မိုးဆင်းသုခ စပါးသစ်များ ဈေးကွက် ဝင်ရောက် လျက်ရှိပြီး စပါးအရည်အသွေးပေါ်မူတည်၍ စပါးအရည်အသွေးပေါ်မူတည်၍ စပါးတင်း ၁၀၀ လျှင် ကျပ် ၁၆သိန်း၅သောင်းမှ ၁၈သိန်းဝန်းကျင်ဈေးနှင့် ဆန်သစ်တစ်အိတ်လျှင် ကျပ် ၆၈၀၀၀ /၇၁၀၀၀ ဈေးအတွင်း ရောင်းဝယ်လျက်ရှိသော ဆန်ဟောင်းဈေးမှာ တစ်အိတ်လျှင် ကျပ် ၇၀၀၀၀ ဝန်းကျင်ဈေးရှိကြောင်း  လက်ရှိစပါးသစ်ဈေးမှာ တောင်သူများ တွက်ချေကိုက်မှုရှိပြီး ဟင်္သာတမြို့နယ် ထွက်စပါးသစ်များကို အခြားမြို့နယ်များမှ လာရောက်ဝယ်ယူလျက်ရှိကြောင်း လက်ရှိဈေးကွက်တွင် ဆန်အဟောင်း စားသုံးမှု ပို၍များလျက် ဆန်သစ်ကိုဒေသတွင်း စားသုံးမှုနှင့် ရန်ကုန်မြို့ သို့လည်းတင်ပို့ရောင်းချလျက်ရှိကြောင်း ဈေးကွက်မှသိရသည်၊၊

      မအူပင်ခရိုင်ဆန်စပါးဈေးကွက်တွင် စပါးသစ်ဈေးနှုန်းမှာ တင်း ၁၀၀ လျှင် ကျပ် ၁၆သိန်း၅သောင်း ၁၇သိန်း၅သောင်းဝန်းကျင်ရှိပြီး ဆန်တစ်အိတ်ကို ကျပ် ၆၁၅၀၀/၆၂၀၀၀ ဈေးဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း၊ ဈေးကွက်တွင် ကောက်စောစပါးများစတင် ဈေးကွက် ဝင်ရောက်လျက်ရှိပြီး နွေစပါးပြန်လည်စိုက်ပျိုးရန် မျိုးအဖြစ်ဝယ်ယူမှုရှိသလို သက်ကြီးစပါးများဖြစ်သော ပေါ်ဆန်းရင် သီးထပ်ရင်စပါးများမှာ နိုဝင်ဘာလကုန်နှင့် ဒီဇင်ဘာလအတွင်းရောက်မှသာ ဈေးကွက်ဝင်ရောက်မှာဖြစ်ကြောင်း ဆန်စပါးဈေးကွက်မှသိရသည်၊၊

     မြောင်းမြခရိုင်ဆန်စပါးဈေးကွက်တွင် မိုးစပါးသစ်တင်း ၁၀၀ ကျပ် ၁၈သိန်း  ဝန်းကျင် နှင့် ဆန်အရည်သွေးပေါ်မူတည်၍ ဆန်သစ်တစ်အိတ် ကျပ် ၆၅၀၀၀ /၆၈၀၀၀ ဈေးအတွင်း ရောင်းဝယ်လျက်ရှိပြီး စပါးဟောင်း လက်ကျန်နည်းပါး၍ ပေါ်ဆန်းအဟောင်း တစ်အိတ်ကျပ် ၉၅၀၀၀ ဝန်းကျင် ဧည့်မထ ဆန်ဟောင်း တစ်အိတ်ကျပ် ၇၃၀၀၀/ ၇၂၀၀၀ ဈေးအတွင်း ရောင်းဝယ်လျက်ရှိပြီး စပါးသစ်လှိုင်လှိုင်မပေါ်ခင် ဈေးကွက်မှာ အရောင်းအဝယ်အေးလျက်ရှိကြောင်းသိရသည်၊၊      

      ဖျာပုံခရိုင် ဆန်စပါးဈေးကွက်တွင် ယခင်နှစ်လက်ကျန်ဧည့်မထ နွေစပါးဟောင်းတင်း ၁၀၀ လျှင် ကျပ် ၁၈သိန်း ဝန်းကျင် ဆန်တစ်အိတ်ကျပ် ၆၈၀၀၀/၇၀၀၀၀ ဈေးနှင့် ပေါ်ဆန်းစပါးလက်ကျန်မှာ အနည်းငယ်သာရှိပြီး ပေါ်ဆန်းတစ်အိတ်ကျပ် ၉၆၀၀၀ ဝန်းကျင် အရောင်းအဝယ်ပုံမှန် ရှိလျက် ဖျာပုံခရိုင်အတွင်းသက်ကြီး စပါးများကို အများဆုံး စိုက်ပျိုးလျက်ရှိပြီး ဒီဇင်ဘာလ လောက်မှသာ စပါးသစ်များဈေးကွက်ဝင်ရောက်မှာဖြစ်ကြောင်းသိရသည်၊၊

  ဧရာဝတီတိုင်းဒေသကြီးမှ အခြားတိုင်း/ပြည်နယ်များသို့ ဆန်စီးထွက်မှုမှာ စက်တင်ဘာလတွင် ရန်ကုန်၊ ပဲခူး၊ မကွေး၊ မန္တလေး၊ စစ်ကိုင်း၊ ရှမ်း၊ တနင်္သာရီတိုင်းသို့ အိတ်ရေ ၁၂၂၃၂၇၂ နှင့် အောက်တိုဘာလတွင်လည်း အဆိုပါ မြို့များသို့အိတ်ရေ ၁၀၈၄၈၇၆ စီးထွက်ခဲ့ပြီး စက်တင်ဘာလတွင် အိတ်ရေ ၁၃၈၃၉၆ ပိုမိုစီးထွက်ခဲ့ကြောင်းသိရသည်၊၊

DOCA(ဧရာဝတီ)