ကျွန်းလှမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အစီအစဉ်ဖြင့် စားအုံးဆီများရောင်းချပေး

Powered by Drupal

   စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ အစီအစဉ်ဖြင့် ကျွန်းလှမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးမျိုးတင့်ထူးနှင့် မစဖအဖွဲ့ဝင်များ ၊ စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးစိုးထိုက်၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်ဝေဝေအောင် တို့ပူးပေါင်းကာ (၁၄.၁၁.၂၀၂၃) ရက်နေ့နှင့် (၁၅.၁၁.၂၀၂၃) ရက်နေ့ နံနက်(၀၇:၀၀)နာရီအချိန်မှ (၀၈;၃၀)အချိန်ထိ  ပိတောက်မြိုင်ရပ်ကွက်၊ ပိတောက်မြိုင်ဈေးနှင့်  သစ်ရာမြိုင်ရပ်ကွက်၊ သစ်ရာမြိုင်ဈေးတို့တွင် စားအုန်းဆီများကို စားသုံးသူပြည်သူများ လက်ဝယ်အရောက် သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။

  အဆိုပါ စားအုံးဆီများရောင်းချရာတွင် စားသုံးသူပြည်သူများ သက်သာသောဈေးနှုန်းဖြင့် စားအုံးဆီ များဝယ်ယူရရှိစေရန်နှင့် စားဝတ်နေရေးအဆင်ပြေစေရန်အတွက် စားအုန်းဆီ (၁)ပိဿာလျှင် (၅၂၀၀)ကျပ် နှုန်း၊ အိမ်ထောင်စု (၁)စုလျှင် စားအုံးဆီ(၅၀)ကျပ်သားနှုန်းဖြင့် အိမ်ထောင်စု(၆၀၀) ၊ လူဦးရေ(၆၀၀)ဦးတို့အား စားအုံးဆီ(၃၀၀)ပိဿာရောင်းချပေးခဲ့ကြောင်း၊ စားအုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ထုတ်ပြန်ပေးလျက်ရှိသော စားအုံးဆီ တစ်ပိဿာ ရည်ညွှန်းဈေးဖြင့် ရရှိသည့် အပေါ်မူတည်၍ ဆက်လက်ရောင်းချပေးနိုင်ရေးအတွက် ကန့်ဘလူခရိုင်ဆီကုန်သည်များနှင့် ပူးပေါင်းစီမံဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌမှ ပြောကြားပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)