ပခုက္ကူမြို့၌ နိုဝင်ဘာလ(ဒုတိယပတ်)တွင် စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သည့် ခရမ်းသီးဈေးနှုန်းများ မြင့်တက်လျက်ရှိ

Powered by Drupal

    မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့၊ မြို့မစည်ပင်သာယာဈေး၊ အမှတ်(၂)ဈေးနှင့် အနောက်ပန်းခြံဈေးတို့တွင် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းနှင့် ပုပ္ပါးနယ်ဘက်တို့မှလာသော ခရမ်းချဉ်သီးများနှင့် ရှမ်းပြည်နယ်၊ အင်းလေးဒေသမှလာသော ထိုင်ဝမ်ခရမ်းချဉ်သီးများကို ဆောင်းရာသီအချိန်သို့ ရောက်ရှိလာသည့်အခါ ပခုက္ကူမြို့နယ်နှင့် ပတ်ဝန်းကျင်ရှိကျွန်းများ၊ ကျေးရွာများမှ လာရောက်ရောင်းဝယ်ဖောက်ကားလျက်ရှိပါသည်။

    ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ(ပထမပတ်)တွင်ဖြစ်ပေါ်နေသော ခရမ်းချဉ်သီးဈေးနှုန်းများမှာ လက်ကားဈေးတစ်ပိဿာလျှင် ကျပ်(၁၄၀၀)၊ လက်လီဈေးတစ်ပိဿာလျှင် ကျပ်(၁၆၀၀)ရှိခဲ့ပြီး နိုဝင်ဘာလ (ဒုတိယပတ်)တွင် လက်ကားဈေးတစ်ပိဿာလျှင် ကျပ်(၁၈၀၀)၊ လက်လီဈေးတစ်ပိဿာလျှင် ကျပ်(၂၀၀၀)ဖြစ်၍ တစ်ပိဿာလျှင် ကျပ်(၄၀၀) ဈေးနှုန်းမြင့်တက်ကာ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရှိရပြီး ခရမ်းချဉ်သီး(ကျွန်းသီး) လက်ကားဈေးမှာ တစ်ပိဿာလျှင် ကျပ်(၂၅၀၀)၊ လက်လီဈေးမှာ တစ်ပိဿာလျှင် ကျပ်(၂၈၀၀) ဈေးနှုန်းရှိကြောင်း  မြို့မဈေးသည်များထံမှသိရှိရပါသည်။

DOCA(မကွေး)