တက်ရိပ်သန်းနေတဲ့ ကြက်သွန်နီနှင့်အာလူးဈေးကွက်

Powered by Drupal

     ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့မဈေးအတွင်း ရောင်းချလျက်ရှိသော ကြက်သွန်နီဈေးနှုန်းများမှာ အောက်တိုဘာနောက်ဆုံးပတ်တွင် ကြက်သွန်နီ(အကြီး) လက်လီ ဈေးနှုန်းတစ်ပိဿာလျှင် (၃၂၀၀) ကျပ်၊ (အသေး) တစ်ပိဿာလျှင် (၃၀၀၀) ကျပ်၊ ဈေးဖြင့်ဈေးငြိမ်နေရာမှ နိုဝင်ဘာလဆန်း ပထမပတ်မှစတင်ပြီး ယခုတတိယပတ်ထိ ကြက်သွန်နီ(အကြီး) လက်လီ ဈေးနှုန်းတစ်ပိဿာလျှင် (၄၀၀၀/၄၅၀၀) ကျပ်၊ (အသေး) တစ်ပိဿာလျှင် (၃၅၀၀) ကျပ်၊ ဈေးသို့ မြင့်တက်စွာဖြင့် ရောင်းဝယ်လျက်ရှိကြောင်း သိရှိရပါသည်။

     အာလူးဈေးကွက်ရောင်းချနေမှုအနေဖြင့် အာလူး တစ်ပိဿာလျှင် အောက်တိုဘာလ နောက်ဆုံးပတ်တွင် (၂၀၀၀/၂၄၀၀) ကျပ်ဈေးဖြင့် အရောင်းဝယ်ဖြစ်နေသော်လည်း နိုဝင်ဘာလဆန်း ပထမပတ်မှစတင်၍ တတိယပတ်ထိ အာလူး တစ်ပိဿာလျှင် (၂၅၀၀/၃၀၀၀) ကျပ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း ဈေးကွက်အတွင်းမှ သိရှိရပါသည်။

DOCA(ပဲခူး)