တောင်ငူမြို့တွင် 92 RON, 95 RON ဈေးတက်ပြီး ဒီဇယ်နှင့်ပရီမီယံဒီဇယ်ဆီဈေးကျ

Powered by Drupal

   ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့တွင် ယခင်နိုဝင်ဘာ ဒုတ်ယပတ်က 92 RON တစ်လီတာလျှင် ၂၁၀၀ ကျပ်၊ 95 RON တစ်လီတာလျှင် ၂၂၀၀ ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ၂၂၃၅ ကျပ်နှင့် ပရီမီယံဒီဇယ် တစ်လီတာလျှင် ၂၃၅၅ ကျပ်ရှိပါသည်။

  ယခုနိုဝင်ဘာ တတိယပတ်တွင် တောင်ငူမြို့ ဖြိုးဝေကျော် စက်သုံးဆီဆိုင်၌ 92 RON တစ်လီတာလျှင် ၂၁၇၀ ကျပ်၊ 95 RON တစ်လီတာလျှင် ၂၂၉၅ ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ၂၁၈၅ ကျပ်နှင့် ပရီမီယံဒီဇယ် တစ်လီတာလျှင် ၂၂၉၀ ကျပ်ရှိပါသည်။

   အုတ်တွင်းမြို့ Petro K စက်သုံးဆီအရောင်းဆိုင်တွင်  92 RON တစ်လီတာလျှင် ၂၁၇၀ ကျပ်၊ 95 RON တစ်လီတာလျှင် ၂၂၉၀ ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ၂၁၈၅ ကျပ်နှင့် ပရီမီယံဒီဇယ် တစ်လီတာလျှင် ၂၂၈၅  ကျပ်ရှိပါသည်။

   ရေတာရှည်မြို့ အောင်မေတ္တာ စက်သုံးဆီအရောင်းဆိုင်တွင်  92 RON တစ်လီတာလျှင် ၂၁၇၅ ကျပ်၊ 95 RON တစ်လီတာလျှင် ၂၂၉၅ ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ၂၁၉၀ ကျပ်နှင့် ပရီမီယံဒီဇယ် တစ်လီတာလျှင် ၂၂၉၀ ကျပ် ရှိပါသည်။

    သို့ဖြစ်၍ ယခုနိုဝင်ဘာတတိယပတ်တွင် 92 RON တစ်လီတာလျှင် ၇၀ ကျပ်၊ 95 RON တစ်လီတာလျှင် ၉၅ ကျပ်ဈေးတက်ကြောင်းနှင့် ဒီဇယ် တစ်လီတာလျှင် ၅၀ ကျပ်နှင့် ပရီမီယံ ဒီဇယ် တစ်လီတာလျှင် ၆၅ ကျပ်ဈေးနှုန်းဆက်လက်ကျဆင်းကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)