တောင်ငူမြို့တွင် ဝက်သားဈေးကျပြီး ပုဇွန်ဈေးတက်

Powered by Drupal

   တောင်ငူမြို့ ညောင်ပင်ဈေးရှိ သားငါးဆိုင်များတွင် ကြက်သား (အိမ်မွေးကြက်)မှာ အကောင်လိုက်ဈေး ၁၇၀၀၀ ကျပ်၊ အခြမ်းလိုက်ဈေး ၂၀၀၀၀ ကျပ်၊ စီပီကြက်မှာ တစ်ပိဿာလျှင် အကောင်လိုက်ဈေး ၈၀၀၀ ကျပ်၊ အခြမ်းလိုက်ဈေး ၁၀၀၀၀ ကျပ်၊ ရင်အုပ်သား ၁၂၀၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။

   ဝက်သား(ရေလွတ်သား)မှာ ယခင် နိုဝင်ဘာ ဒုတိယအပတ်က သုံးထပ်သား တစ်ပိဿာလျှင် ၁၇၀၀၀ ကျပ်၊ ပေါင်သား ၁၈၀၀၀ ကျပ်နှင့် အသားသီးသန့် ၂၀၀၀၀ ကျပ်ရှိရာမှ ယခု နိုဝင်ဘာ တတိယအပတ်တွင် တစ်ပိဿာလျှင် သုံးထပ်သား ၁၄၀၀၀ ကျပ်၊ ပေါင်သား ၁၅၀၀၀ ကျပ်နှင့် အသားသီးသန့် ၁၇၀၀၀ ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်ကျဆင်းပါသည်။

     ငါးကြင်းမှာ အကောင်လိုက်ဈေး တစ်ပိဿာလျှင် ၁၀၀၀၀ ကျပ်၊ အခြမ်းလိုက်ဈေး ၁၂၀၀၀ ကျပ်ရှိရာ၊ ငါးကြင်းဖြူမှာ အကောင်လိုက်ဈေး တစ်ပိဿာလျှင် ၁၆၀၀၀ ကျပ်၊ အခြမ်းလိုက်ဈေး တစ်ပိဿာလျှင် ၂၀၀၀၀ ကျပ်ဖြင့် ဈေးနှုန်း တည်ငြိမ်နေပါသည်။

     ငါးရံ့မှာ တစ်ပိဿာလျှင် ယခင် နိုဝင်ဘာ ဒုတိယအပတ်က ၁၂၀၀၀ ကျပ်မှ ၁၆၀၀၀ ကျပ်အထိရှိပြီး ယခု နိုဝင်ဘာ တတိယအပတ်တွင် တစ်ပိဿာလျှင် ၁၅၀၀၀ ကျပ်မှ ၁၇၀၀၀ ကျပ် အထိ ဈေးနှုန်းအနည်းငယ်တက်ပြီး ငါးခူမှာ တစ်ပိဿာလျှင် ၁၄၀၀၀ ကျပ်မှ ၁၈၀၀၀ ကျပ်အထိဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။

    ပုဇွန်ဆိတ် တစ်ပိဿာလျှင် ၁၂၀၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး ပုဇွန်မှာ တစ်ပိဿာလျှင် ၂၂၀၀၀ ကျပ်မှ ၃၅၀၀၀ ကျပ်အထိရှိ၍ ဈေးအနည်းငယ်တက်ကြောင်း သိရပါသည်။

DOCA(ပဲခူး)