မအူပင်ခရိုင်တွင် ဈေးကွက်ရရှိနေသော ရွှေပဲကြော်

Powered by Drupal

      မအူပင်ခရိုင်သည် စိုက်ပျိုးရေးကို အခြေခံသောခရိုင်တစ်ခုဖြစ်ပြီး ခရိုင်လူဦးရေ၏ သုံးပုံတစ်ပုံခန့်မှာ ကျေးလက်တောရွာများတွင် နေထိုင်ကြပါသည်။

     နံနက်မိုးလင်းသောအခါ ကျေးလက်တောရွာရှိလူများသည် ထမင်းကြော်နှင့်ငါးခြောက်၊ ပဲပြုတ်နှင့်အကြော်တစ်ခုခုဖြင့် စားလေ့ရှိကြပါသည်။ ၎င်းဓလေ့ထုံးစံနှင့်လျော်ညီစွာ ရွှေပဲကြော်လုပ်ငန်းသည် မအူပင်၊ ပန်းတနော်၊ ညောင်တုန်း၊ ဓနုဖြူ၊ ကျိုတ်လတ်၊ ဖျာပုံများထိ ဈေးကွက်ရရှိနေပြီးဖြစ်ပါသည်။

  ရွှေပဲကြော်လုပ်ငန်းသည် မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ လေးအိမ်စုကျေးရွာတွင်တည်ရှိပြီး ရွှေပဲကြော်လုပ်ငန်းပိုင်ရှင် ဦးဆန်းတင်းစိုးနှင့် မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးနှင့်ဝန်ထမ်းများသည် ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ ပထမပတ်တွင် ရွှေပဲကြော်လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး၊ ဈေးကွက်ရရှိပြီးသည်ထက် ပိုမိုဈေးကွက်ရရှိရေးနှင့် သက်ဆိုင်ရာဌာနများ၏လုပ်ငန်းလိုင်စဉ်များ ပြည့်စုံစွာဆောင်ရွက်ထားရှိနိုင်ရေးတို့ကို အပြန်အလှန်ဆွေးနွေးခဲ့ပါသည်။

     ရွှေပဲကြော်ရရှိရန် ကောက်ညှင်းနှင့်ဆန်ကို အချိုးမျှတစွာ ကြိတ်ခွဲရောစပ်ပြီး ပဲ၊ ဆီ၊ ဆားတို့နှင့်ပေါင်းစပ်၍ ဒယ်အိုးထဲရှိ ဆီနှင့်ကြော်ကာ ပလတ်စတစ်အိတ်များနှင့် သပ်သပ်ရပ်ရပ်လုံခြုံစွာထုပ်ပိုးလျက် စားချင်စရာ၊ အစားအစာတစ်ခုအဖြစ် ဈေးကွက်အတွင်း ဖြန့်ချိရောင်းချလျက်ရှိကြောင်း ရွှေပဲကြော်လုပ်ငန်းပိုင်ရှင် ဦးဆန်းဝင်းစိုးက ရှင်းပြပါသည်။

    တစ်နေ့လျှင် ရွှေပဲကြော် ၂၀၀/-ကျပ်တန် (၁၂)ခုကို (၂၀၀၀/-)ကျပ်ဖြင့်လည်းကောင်း၊ ၁၀၀/-ကျပ်တန် (၁၀)ခုကို (၉၀၀/-)ကျပ်ဖြင့်လည်းကောင်း ဈေးကွက်အတွင်း အရောင်းအဝယ်တွင်ကျယ်လျက်ရှိပါသည်။

      ရွှေပဲကြော်ကို စတင်ထုတ်လုပ်သည့်နေ့ရက်မှစ၍ တစ်လအတွင်း အသင့်စားသုံးနိုင်ပြီး ဈေးကွက်အတွင်း အရောင်းအဝယ်တွင်ကျယ်လာခဲ့သည်။ စားသုံးသူများအနေဖြင့် စားသုံးရယူမှုလွယ်ကူခြင်း၊ အရသာကောင်းမွန်မှုရှိခြင်း၊ သင့်တင့်မျှတသောဈေးနှုန်းရှိသဖြင့် အခြေခံလူတန်းစားအားလုံးဝယ်ယူသုံးစွဲနိုင်ခြင်း စသည့် ဈေးကွက်အလားအလာကောင်းများကြောင့် လေးအိမ်စုကျေးရွာမှ တစ်နိုင်တစ်ပိုင်ထုတ်လုပ်သော ရွေပဲကြော်ဈေးကွက်မှာ ပိုမိုတိုးချဲ့မှာယူခြင်းများရှိလာသောကြောင့် ရွှေပဲကြော်ဈေးကွက်တည်ငြိမ်မှု၊ အရသာကောင်းမွန်မှု၊ သန့်ရှင်းလတ်ဆက်မှုများကို ပိုမိုကြိုးစားဆောင်ရွက်ပါက စားသုံးသူများ အဆင်ပြေကောင်းမွန်စွာစားသုံးနိုင်သည့် စားစရာတစ်ခုအဖြစ် မအူပင်ခရိုင်အတွင်းသာမက အခြားတိုင်းကျော်ဒေသများအထိ ဈေးကွက်ထိုးဖောက်လာနိုင်တော့မည်ဟုယုံကြည်မိပါကြောင်း ယခုအပတ်အတွင်း ရွှေပဲကြော်၏ ဈေးကွက်ရရှိလာမှုကို တင်ပြလိုက်ရပါသည်။

DOCA(ဧရာဝတီ)