
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူကြက်သွန်နီကုန်စည်ဒိုင်သို့ ဒေသတွင်းစိုက်ပျိုးထွက်ရှိရာကျေးရွာများမှ ကြက်သွန်နီများ နေ့စဉ် ဝင်ရောက်ရောင်းဝယ်ဖောက်ကားလျက်ရှိသည်။ ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ(ဒုတိယပတ်)တွင် နေ့စဉ် ပျှမ်းမျှပိဿာ(၃)သောင်းခွဲ၊ တစ်ပတ်အတွင်း ကုန်ချိန်(၂)သိန်းခန့်အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ဆိပ်ဖြူမြို့မှ နိုဝင်ဘာလ(ဒုတိယပတ်)အတွင်း ကြက်သွန်နီပိဿာ(၅)သိန်းခန့်ကုန်စည်စီးဆင်းကြောင်း ဈေးကွက်မှသိရှိရပါသည်။
ဆိပ်ဖြူကြက်သွန်နီသည် ဈေးကွက်အနေဖြင့် နိုဝင်ဘာလ(ဒုတိယပတ်)အစောပိုင်းတွင် အမြင့်ဈေးတစ်ပိဿာလျှင် ကျပ်(၃၀၇၅)၊ အနိမ့်ဈေးတစ်ပိဿာလျှင် ကျပ်(၂၄၀၀)ဈေးနှုန်းဖြင့်လည်းကောင်း၊ အလယ်ပိုင်းတွင် အမြင့်ဈေးတစ်ပိဿာလျှင် ကျပ် (၃၁၀၀)၊ အနိမ့်ဈေးတစ်ပိဿာလျှင် ကျပ် (၂၅၀၀)၊ (ဒုတိယပတ်)နှောင်းပိုင်းတွင် အမြင့်ဈေးတစ်ပိဿာလျှင် ကျပ်(၂၉၂၅)၊ အနိမ့်ဈေးတစ်ပိဿာလျှင် ကျပ်(၂၄၀၀)ဖြင့် ဈေးအနည်းငယ်ကျဆင်းပြီး အရောင်းအဝယ်ဖြစ်ကြောင်း ကုန်စည်ဒိုင်ဈေးကွက်မှသိရှိ ရသည်။
နိုဝင်ဘာလ(ပထမပတ်)အတွင်း ကြက်သွန်နီတစ်ပိဿာလျှင် အမြင့်ဈေး ကျပ်(၃၂၀၀) ဖြစ်ခဲ့ပြီး ယခုအပတ်တွင် အမြင့်ဈေးတစ်ပိဿာလျှင် ကျပ်(၃၀၇၅)ဖြစ်၍ ကြက်သွန်နီတစ်ပိဿာလျှင် ထိပ်စ ကျပ်(၁၂၅)၊ အလတ်စ ကျပ်(၃၀၀)ဈေးကျပြီး အရောင်းအဝယ်ဖြစ်ကြောင်း ဈေးကွက်မှသိရှိရသည်။
နိုဝင်ဘာလ(ဒုတိယပတ်)တွင် ဆိပ်ဖြူကြက်သွန်နီသည် ဒေသတွင်း/ ပြည်တွင်း ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကုန်ချိန်(၂)သိန်းခွဲခန့်၊ (၉၆၁၅)အိတ်၊ မြဝတီမြို့သို့ ကုန်ချိန်ပိဿာ(၂)သိန်းခန့်၊ (၇၆၉၂)အိတ်၊ ပြည်မြို့သို့ ကုန်ချိန်ပိဿာ(၅)သောင်း၊ (၁၉၂၃)အိတ်၊ စုစုပေါင်းကုန်ချိန်ပိဿာ (၅) သိန်းခန့်၊ (၁၉၂၃၀)အိတ်၊ တန်ချိန်(၈၁၆)ခန့်အပြင် ပြည်ပဝယ်လက်ပို့ကုန်အဖြစ် မြဝတီမြို့မှတစ်ဆင့် ထိုင်း၊ ဗီယက်နမ်နိုင်ငံများသို့လည်း တင်ပို့လျက်ရှိကြောင်းသိရှိရသည်။
DOCA(မကွေး)