ကန့်ဘလူမြို့နယ်၊ ပွဲရုံများ၌ အရောင်းအဝယ်ဖြစ်နေသောသီးနှံများ

Powered by Drupal

  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ပေးရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများကိုပါဆောင်ရွက်လျက်ရှိပြီး ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်စေရန်ဟူသော မျော်မှန်းချက်နှင့်အညီ အသင်းအဖွဲ့များအစုအဖွဲ့များဖွဲ့စည်းပေးပြီး ပိုမိုအားကောင်းလာစေရေး ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ ပွဲရုံများ၏သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှုတင်း/ တန်စာရင်းတို့ကိုလည်း အပတ်စဉ်၊ လစဉ် တင်ပြလျက်ရှိပါသည်။

     ကန့်ဘလူပွဲရုံများအနေဖြင့် ၂၀၂၃ခုနှစ်၊ အောက်တိုဘာလနှင့် နိုဝင်ဘာလ လဝက်ပိုင်းထိ အရောင်းအဝယ်ဖြစ်နေသော သီးနှံအမျိုးအစား၊ ဒေသပေါက်ဈေးနှုန်းနှင့် အဝင် /အထွက် တင်း/တန်များ၏ အရောင်းအဝယ်ဖြစ်မှုအခြေအနေများမှာ ပြောင်းဆံ (၁၂၀၀၀)တင်း/(၁၁၆၁.၇၆)တန်ဖြစ်ပြီး ပြောင်းဆံ (၁)တင်းဈေးနှုန်းမှာ (၁၅၅၀၀)ကျပ်၊ နှမ်းနက်(၁၅)တင်း/(၁.၁၀)တန်ဖြစ်ပြီး နှမ်းနက်(၁)တင်းဈေးနှုန်းမှာ (၁၀၅၀၀၀)ကျပ်၊ မတ်ပဲ(၁၁၇)တင်း/ (၁၀.၇၅)တန်ဖြစ်ပြီး မတ်ပဲ(၁)တင်းဈေးနှုန်းမှာ (၈၃၀၀၀)ကျပ် ဈေးရှိပါသည်။ ကုလားပဲ V2အမျိုးအစား (၂၃)တင်း/(၂.၁၅)တန်ဖြစ်ပြီး (၁)တင်းဈေးနှုန်းမှာ (၈၇၀၀၀)ကျပ်၊ ကုလားပဲ V7 အမျိုးအစား (၂၃)တင်း/ (၂.၁၅)တန်ဖြစ်ပြီး (၁)တင်းဈေးနှုန်းမှာ (၈၅၀၀၀)ကျပ်၊ ကုလားပဲ 929 အမျိုးအစား (၂၃) တင်း/ (၂.၁၅)တန်ဖြစ်ပြီး (၁)တင်းဈေးနှုန်းမှာ (၈၅၀၀၀)ကျပ်၊ စွန်တာနီပဲ(၃၂)တင်း/ (၃.၀၄) တန်ဖြစ်ပြီး (၁)တင်းဈေးနှုန်းမှာ (၆၀၀၀၀) ယခုကာလများတွင် ပြောင်းဆံအဝင်/ အထွက် ပေါများဆုံးအချိန်ဖြစ်ပါသည်။  မိမိတို့ပွဲရုံမှသီးနှံများကို မန်းလေးမြို့၊ ဇောတိကပွဲရုံသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း ကန့်ဘလူမြို့ပေါ်ရှိ  ပွဲရုံပိုင်ရှင်တစ်ဦးထံမှသိရှိရပါသည်။

DOCA(စစ်ကိုင်း)