စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိဈေးများတွင် ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ(တတိယပတ်)အတွင်း ရွှေဘိုပေါ်ဆန်း (တစ်အိတ်)လျှင် ၁၂၅,၀၀၀ကျပ်၊ ဧရာမင်း(ဆန်)(တစ်အိတ်)လျှင် ၁၂၅,၀၀၀ကျပ်၊ ဧည့်မထဆန် (တစ်အိတ်)လျှင် ၁၀၅,၀၀၀ကျပ်၊ ပဲဆီ(တစ်ပိဿာ)လျှင် ၁၂၅၀၀ကျပ်၊ နှမ်းဆီ (တစ်ပိဿာ) လျှင် ၁၂၅၀၀ကျပ်၊ နေကြာဆီ(တစ်ပိဿာ)လျှင် ၁၂၅၀၀ကျပ်၊ စားအုန်းဆီ (တစ်ပိဿာ) လျှင် ၅၁၀၀ကျပ်၊ ဆား(တစ်ပိဿာ)လျှင် ၆၀၀ကျပ်မှ ၇၀၀ကျပ်၊ ငရုတ်ခြောက် (တစ်ပိဿာ) လျှင် ၁၆၀၀၀ကျပ်မှ ၁၇၀၀၀ကျပ်အထိ၊ ကြက်သွန်နီ (တစ်ပိဿာ) လျှင် ၂၇၀၀ကျပ်မှ ၃၀၀၀ကျပ်အထိ၊ ကြက်သွန်ဖြူ (ရှမ်းစ) (တစ်ပိဿာ) လျှင် ၁၃၅၀၀ကျပ်မှ ၁၄၀၀၀ကျပ်အထိ၊ ကြက်သွန်ဖြူ (ကြူကုတ်) (တစ်ပိဿာ) လျှင် ၁၃၅၀၀ကျပ်မှ ၁၄၀၀၀ကျပ်အထိ၊ အာလူး (တစ်ပိဿာ) လျှင် ၂၄၀၀ကျပ်မှ ၂၈၀၀ကျပ်အထိ၊ မန်ကျည်းသီးမှည့် (တစ်ပိဿာ) လျှင် ၃၂၀၀ကျပ်မှ ၃၅၀၀ကျပ်အထိ၊ နနွင်းတက် (တစ်ပိဿာ) လျှင် ၉၅၀၀ကျပ်မှ ၁၀၀၀၀ကျပ်အထိ၊ ခရမ်းချဉ်သီး (တစ်ပိဿာ) လျှင် ၂၂၀၀ကျပ်၊ ဂေါ်ဖီထုပ် (တစ်ထုပ်) လျှင် ၁၀၀၀ကျပ်၊ ပဲသီး(ပဲထောင့်ရှည်)(တစ်စည်း) လျှင် ၆၀၀ကျပ်၊ ကြက်သား (တစ်ပိဿာ) လျှင် ၁၀၀၀၀ကျပ်မှ ၁၁၀၀၀ကျပ်အထိ၊ ဝက်သား(တစ်ပိဿာ)လျှင် ၁၈၀၀၀ကျပ်မှ ၁၉၀၀၀ကျပ်အထိ၊ အမဲသား (တစ်ပိဿာ) လျှင် ၁၂၀၀၀ကျပ်မှ ၁၃၀၀၀ကျပ်အထိ၊ ဆိတ်သား(တစ်ပိဿာ)လျှင် ၂၀၀၀၀ကျပ်မှ ၂၂၀၀၀ကျပ်အထိ၊ ငါးမြစ်ချင်း (တစ်ပိဿာ) လျှင် ၁၁၀၀၀ကျပ်မှ ၁၂၀၀၀ကျပ်အထိ၊ ကြက်ဥ (၁)လုံးလျှင် ၂၅၀ကျပ်၊ ဘဲဥ (၁)လုံးလျှင် ၃၅၀ ကျပ်၊ ဖရဲသီး (ကျောက်စိမ်း) (၁)လုံးလျှင် ၁၅၀၀ကျပ်မှ ၂၀၀၀ကျပ်အထိ၊ ဖရဲသီး (၂၁၁) (၁)လုံးလျှင် (၁၀၀၀-၃၀၀၀) ကျပ်အတွင်း ဈေးနှုန်းအသီသီးရှိကြောင်းသိရသည်။
ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက အခြေခံစားကုန်များဖြစ်သည့် ဧည့်မထဆန်ဈေးနှုန်းအနည်းငယ်ကျပြီး ကြက်သွန်ဖြူ (ရှမ်းစ)၊ ကြက်သွန်ဖြူ (ကြူကုတ်)ဈေးနှုန်းများ အနည်းငယ်တက်နေပါကြောင်း၊ စားအုန်းဆီဈေးနှုန်းများ ရည်ညွှန်းဈေးပေါ်မူတည်၍ ဈေးနှုန်းအပြောင်းအလဲရှိပါကြောင်း ချင်းတွင်းရတနာဈေးရှိ လက်လီ/လက်ကား ရောင်းဝယ်ဖောက်ကားရောင်းချနေသော ကုန်သည်များထံမှသိရှိရပါသည်။
DOCA(စစ်ကိုင်း)