စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၌ ဆောင်းကြက်သွန်နီကို ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ၊ ဒီဇင်ဘာလနှင့် ဇန်နဝါရီလတို့တွင် စတင်စိုက်ပျိုးကြပြီး ဖေဖော်ဝါရီလ၊ မတ်လနှင့် ဧပြီလတို့တွင် ရိတ်သိမ်းထွက်ပေါ်လေ့ရှိပါသည်။ ပျိုးထောင်မှုအနေဖြင့် သီတင်းကျွတ်လနှင့် တန်ဆောင်မုန်းလတို့တွင် ဆောင်းကြက်သွန်နီကို အစေ့ပျိုး(မျိုး)ထောင်ကြ၍ ပျိုးပင်သက်ရက်ပေါင်း (၄၅)ရက်ရှိလျှင် ကြက်သွန်နီစိုက်မည့်စိုက်ခင်းထဲသို့ ရွေ့ပြောင်းစိုက်ရကြောင်း တောင်သူတစ်ဦး၏ ပြောကြားချက်အရသိရပါသည်။ မုံရွာမြို့နယ်အတွင်း ဆောင်းကြက်သွန်နီအများဆုံးစိုက်ပျိုးသော ကျေးရွာများမှာ ကျွဲရဲ၊ မြေနဲ၊ ကြေးအုပ်၊ ရွာတုံ၊ တောင်ပလူကျေးရွာများတွင် အများဆုံးစိုက်ပျိုးကြပြီး မုံရွာမြို့နယ်အနေဖြင့် တစ်နှစ်လျှင် ပျမ်းမျှဧက (၁၂၀၀၀)ဧကခန့်စိုက်ပျိုးလျက်ရှိကြောင်း၊ ထွက်ရှိသောကြက်သွန်နီများကို မန္တလေး၊ ရန်ကုန်မြို့များနှင့် မြို့တွင်းပွဲရုံများသို့ တင်ပို့ရောင်းချကြကြောင်းသိရှိရပါသည်။
DOCA(စစ်ကိုင်း)