ကန့်ဘလူ၊ ကျွန်းလှမြို့တို့၌ နိုဝင်ဘာဘာလ တတိယပတ်တွင် ရောင်းချနေသော အခြေခံစားကုန်များ၏ဈေးနှုန်းအခြေအနေ

Powered by Drupal

  ကန့်ဘလူ၊ ကျွန်းလှမြို့တို့တွင် ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ တတိယပတ်အတွင်း အခြေခံစားသောက်ကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်းတစ်ပြည်လျှင် (၅၂၀၀)ကျပ်၊ ဧရာမင်းတစ်ပြည်လျှင် (၅၅၀၀)ကျပ်ဖြင့်တည်ငြိမ်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ကြက်သွန်နီလက်လီဈေးမှာ အကြီး/အသေးပါ်မူတည်၍ တစ်ပိသာလျှင် (၃၅၀၀)ကျပ်၊ကြက်သွန်ဖြူလက်လီဈေးမှာ (ဗမာ) အလုံးကြီးတစ်ပိဿာလျှင် (၁၅၀၀၀)ကျပ်၊ အလုံးသေးတစ်ပိဿာလျှင် (၉၀၀၀)ကျပ်၊ ကြက်သွန်ဖြူ (ကြူကုတ်) တစ်ပိဿာလျှင် (၁၅၀၀၀) ကျပ်၊ ချင်းတစ်ပိဿာလျှင် (၉၀၀၀) ကျပ်၊ ငရုတ်သီးခြောက်တစ်ပိဿာလျှင် (၁၈၀၀၀)ကျပ်၊ အာလူးအသေး/အကြီး အမျိုးအစားအလိုက် တစ်ပိဿာလျှင် (၃၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

    ငရုတ်သီးစိမ်းတစ်ပိဿာလျှင် (၄၀၀၀)ကျပ်၊ ခရမ်းချဉ်သီးတစ်ပိဿာလျှင် အလုံးအကြီး/ အသေးပေါ်မူတည်ပြီး (၂၂၀၀)ကျပ်၊ ခရမ်းသီးတစ်ပိဿာလျှင် (၁၂၀၀) ကျပ်၊ ပန်းဂေါ်ဖီတစ်ပွင့်လျှင်  (၁၈၀၀)ကျပ်၊ ဂေါ်ဖီထုပ်တစ်ထုပ်လျှင် (၁၆၀၀) ကျပ်၊ ခါကြက်ဥ(တရုတ်) တစ်ပိဿာလျှင် (၅၀၀၀)ကျပ်၊ ခါကြက်ဥ (ဗမာ) တစ်ပိဿာလျှင် (၃၅၀၀)ကျပ်၊ သံပရာသီးတစ်လုံးလျှင် (၅၀) ကျပ်မှ (၁၀၀) ကျပ်အထိ၊ ကန်စွန်းရွက်တစ်စည်းလျှင် (၁၅၀) ကျပ်၊ ပဲတောင့်ရှည်တစ်စည်းလျှင် (၃၀၀)ကျပ်နှုန်းဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရှိရပါသည်။

     ကြက်ဥ လက်လီဈေးနှုန်းမှာ (အကြီး)တစ်လုံးလျှင် (၂၅၀)ကျပ်၊ (အသေး)တစ်လုံးလျှင် (၂၂၀) ကျပ်၊ ဘဲဥတစ်လုံးလျှင် (၂၈၀)ကျပ်ရှိသည်။  ကန့်ဘလူ၊ ကျွန်းလှမြို့တို့၏ အသား/ငါးဈေးနှုန်းများမှာ ကြက်သား(cp)တစ်ပိဿာလျှင် (၁၂၀၀၀) ကျပ်၊ ကြက်သား(ဗမာ)တစ်ပိဿာလျှင် (၁၂၅၀၀)ကျပ်၊ ဝက်သားတစ်ပိဿာလျှင် (၁၆၀၀၀) ကျပ်၊ အမဲသားတစ်ပိဿာလျှင် (၁၃၀၀၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းတွေ့ရှိရပါသည်။ ငါးကြင်းအကောင်လိုက်တစ်ပိဿာလျှင် (၉၀၀၀) ကျပ်၊ ငါးကြင်းခုတ်သာဈေးမှာ တစ်ပိဿာလျှင်  (၁၆၀၀၀) ကျပ်၊ တီလားဗီးယားငါးအသေးတစ်ပိဿာလျှင် (၇၀၀၀)ကျပ်၊ အကြီးတစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရပါသည်။

      စားသုံးဆီဈေးနှုန်းမှာ မြေပဲဆီသန့်တစ်ပိသာလျှင် (၁၄၀၀၀)ကျပ်၊ စားအုန်းဆီတစ်ပိသာလျှင် (၅၂၀၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရသည်။

  နိုဝင်ဘာလ တတိယပတ်အတွင်းဖြစ်ပေါ်ခဲ့သော အခြေခံစားသောက်ကုန်ဈေးနှုန်းများကို ယခင်အပတ်ဈေးနှုန်းများနှင့်နှိုင်းယှဉ်ကြည့်လျှင် အခြားအခြေခံစားကုန်ဈေးနှုန်းများမှာ ကွာဟမှုမရှိကြောင်းနှင့် အသားငါးဈေးနှုန်းများမှာ တည်ငြိမ်လျက်ရှိနေပြီး အသီးအနှံဈေးနှုန်းများမှာ အနည်းငယ်လျော့နည်းလျက်ရှိကြောင်း ကန့်ဘလူမြို့မဈေးအတွင်း ဈေးရောင်းချသူများထံမှသိရှိရပါသည်။

DOCA(စစ်ကိုင်း)