
ပြည်ဈေးကွက်တွင် မြေပဲဆန်ဈေးများမှာ နိုဝင်ဘာ ဒုတိယပတ်တွင် ပထမပတ်ကအတိုင်း ဈေးငြိမ်နေတာ တွေ့ရပါသည်။ ပြည်မြို့ရှိပွဲရုံများနှင့် ဈေးများအတွင်းသို့ ဝက်ထီးကန်၊ ပေါက်ခေါင်း နှင့် ပြည်အောင်လံကြားကျေးရွာများမှ မြေပဲဆန်အိတ် နေ့စဉ် ပိဿာ(၂၅)ဝင်အိတ် (၈၀၀)ခန့် ဝင်ရောက်မှုရှိတာတွေ့ရပါသည်။ အရောင်းအဝယ်ဖြစ်မှုအနေဖြင့် ဒေသတွင်း ဆီစက်သမားများနှင့် ပဲလှော်၊ ပဲကြော်သမားများမှ ဝယ်ယူမှုရှိ၍ တစ်နေ့လျှင် မြေပဲဆန်အိတ် (၄၀၀)ခန့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ဈေးနှုန်းအနေဖြင့် နိုဝင်ဘာလ ဒုတိယပတ်တွင် မြေပဲ ဆီဆန်(အဖြူ)တစ်ပိဿာလျှင် ၅၂၀၀ကျပ်၊ (အနီ)တစ်ပိဿာလျှင် ၅၀၀၀ကျပ်နှင့် လုံးဆန် (အဖြူ) တစ်ပိဿာလျှင် ၅၈၀၀ကျပ်၊ (အနီ)တစ်ပိဿာလျှင် ၅၇၀၀ကျပ်ဖြင့် ယခင်အပတ်ကအတိုင်း ဈေးငြိမ်နေတာတွေ့ရပါသည်။ မြေပဲဆီမှာလူအသုံးများပြီး ဆီစက်များမှလည်းမြေပဲကို ဝယ်ယူ ကြိတ်ခွဲ၍ ထွက်ရှိလာသောမြေပဲဆီကို တစ်ပိဿာလျှင် ၁၃၅၀၀ကျပ်ဖြင့် ပြည်ဈေးကွက်တွင် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)