ပြည် ငါးသလောက် အရောင်းသွက်

Powered by Drupal

     ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်အတွင်းရှိ မြို့သစ်ဈေးနှင့် ပြည်မြို့ပေါ်ရှိ ဈေးများတွင် ယခုအပတ် ငါးသလောက်များ အရောင်းသွက်ကြောင်း သိရသည်။ ငါးမှ ငါးသလောက်ဆိုသည့် အတိုင်း ‘အသီးမှာ သရက်၊ အသားမှာ ဝက်၊ အရွက်မှာ လက်ဖက်’ ဟူ၍အဆိုရှိသကဲ့သို့ ငါးတွင်လည်း မယားမှာ ဆံတောက်၊ ငါးမှာ ငါးသလောက် ဟူ၍ စားချိုးရှိကြပါတယ်။ ငါးသလောက် မျိုးစိတ်အားလုံးသည် ရာသီဥတုအလိုက် နေရာဒေသပြောင်းရွှေ့ကျက်စားသော သဘာဝရှိပြီး နေရာမရွေး၊ အချိန်မရွေး သားပေါက်လေ့ရှိပါသည်။

     ငါးသလောက်မှာ စားသုံးသူတို့ သဘောကျတဲ့ အရွယ်အစားရှိသောကြောင့် အရောင်းသွက် ကြောင်း သိရသည်။ ငါးသလောက်ပေါင်းဖို့ သင့်တော်သော အရွယ်အစားဖြစ်သောကြောင့် စားသုံးသူများကြိုက်နှစ်သက်သလို ထမင်းဆိုင်များကပို၍ ဝယ်ယူကာ အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။ ရန်ကုန်မှ ငါးဝင်ရောက်မှုမှာ ပုံမှန်ဝင်ရောက်လျက်ရှိပြီး မြစ်မှရရှိသော ရေချို ငါးသလောက်လည်း ရောင်းချလျက်ရှိကြောင်း သိရသည်။ ငါးသလောက်သည် ရေချို၊ ရေငန် နှစ်ရပ်လုံးတွင် နေနိုင်သည်။

    ငါးသလောက်ငါးကို အရိုးနူးပေါင်းစားခြင်း၊ ငါးသလောက်ကင်၊ ငါးသလောက်ကြော်၊ ငါးသလောက်အစပ်ဟင်း၊ ငါးသလောက်သုပ်စသဖြင့် ပြုလုပ်၍စားသုံးကြသည်။ ပြည်မြို့သစ်ဈေးတွင် ရောင်းချနေသော ငါးသလောက်ဈေးများမှာ တစ်ပိဿာလျှင် (၃၀၀၀၀)ကျပ်ဈေးဖြင့် ရောင်းချလျက်ရှိကြောင်း သိရပါသည်။

DOCA(ပဲခူး)