ရွှေတောင်မြို့ဒေသ အစားအစာများထဲမှ တစ်ခုဖြစ်သော မုန့်လေပွေအကြောင်း

Powered by Drupal

     ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ နွားမယံအုပ်စု၊ ဖိုးသိန်းတန် ကျေးရွာတွင် မုန့်လေပွေလုပ်ငန်း တစ်ရွာလုံးနီးပါး လုပ်ကိုင်ကြသည်။ ထိုရွာမှမုန့်လုပ်ရောင်းချသော ဒေါ်မာလာထံ မုန့်လေပွေလုပ်ငန်းအကြောင်း မေးမြန်းခဲ့သည်။

    ဟိုးယခင်အချိန်မှ နှစ်ပေါင်းများစွာ ယနေ့ထိ မုန့်လေပွေလုပ်ငန်းအား တစ်ပိုင်တစ်နိုင် လုပ်ကိုင်ကြသည်။ မုန့်ပြုလုပ်ရာတွင် ဆန်ကွဲကို အသုံးပြုတက်ပါသည်။ မုန့်နှစ်အရည်ရအောင် ဆန်ကွဲကို ကြိတ်ပြီး အရသာထည့်၊ မြေအိုးတစ်လုံးကို ရေထည့်ပြီးအဝတ်ပါးဖြင့် အပေါက် အနည်းငယ်ဖေါက်ပြီး မြေအိုးနှုတ်ခမ်းကို တင်းကြပ်စွာစည်းရတယ်။ အပူပေးရေဆူလာလျှင် အဝတ်ပါးပေါ် မုန့်ရေ အချပ်ကလေးဖြစ်အောင်ထည့်ပြီး ဆလောင်းဖုန်းဖြင့် အုပ်ထားရတယ်။ ကျက်လျှင် ဆည်ပြီး နေလှန်း အခြောက်ခံ သဲဖြင့်လျှော်ကာ အသင့်စားလို့ရတဲ့ မုန့်လေပွေ အချပ်ကလေးများရရှိပါတယ်။ တစ်ရက်လျှင် ဆန်ကွဲ (၄)ပြည်ပြုလုပ်ရပါသည်။ (၁)ပြည်လျှင် အချပ်ရေ ဆန်အပျော့အမာ မူတည်ပြီး (၅၀၀)မှ (၆၀၀)ထိရပါသည်။ လှော်ပြီးသား အခု (၁၀၀)လျှင် (၁၅၀၀)ကျပ်ရရှိပါတယ်။ ဆန်ကွဲ (၁)ပြည် (၂၃၀၀)ကျပ်ဈေးဖြင့် မုန့်ကြိတ်ခထင်းဖိုး ကုန်ကျစရိတ် မှာဆန်ကွဲ (၄)ပြည်အတွက် (၂၀၀၀၀)ကျပ် ကုန်ကြပြီး အမြတ် ၂၀၀၀၀ ကျပ်ရှိပါတယ်။ ရရှိလာသည့် မုန့်လေပွေများကို ကျီးသဲ၊ အင်းမ၊ ရွှေတောင်မြို့ပေါ် တောရွာများ လှည့်လည်ရောင်းချလျက်ရှိပါတယ်။  ရွှေတောင်ဒေသခံများက လက်ဖက်နှင့်တွဲဖက်၍ သုံးဆောင်လျက်ရှိကြောင်း သိရပါသည်။

DOCA(ပဲခူး)