ပြည်ပဲဈေးကွက်သို့ ပဲတီစိမ်းဆောင်းပဲသစ်များ ဝင်ရောက်မှုများလာ

Powered by Drupal

   ပဲခူးတိုင်းဒေသကြီး၊ ပြည်ပဲဈေးကွက်သို့ ဆောင်းပဲတီစိမ်းသစ်များ နေ့စဉ် ဝင်ရောက်လာပြီး အထွက်လှိုင်လာပြီဖြစ်၍ တစ်ရက်လျှင် ပိဿာ(၂၀)ဝင်အိတ် (၂၀၀/၃၀၀) ကျော်ထိ ဝင်ရောက်မှုရှိလာခဲ့ပါသည်။ ပြည်မြို့အနီးတစ်ဝိုက်ဒေသများမှ ဝင်ရောက်သည့်အပြင် ပေါင်းတလည်၊ ပေါက်ခေါင်းမြို့နယ်များမှလည်းဝင်ရောက်ခဲ့ပါသည်။ ဝယ်လိုအားအနေဖြင့် မန္တလေးလိုင်းသမားက အဓိကဝယ်ယူမှုရှိကာ တစ်ခါတစ်ရံတွင် ရန်ကုန်ဝယ်လက်များလည်း ဝယ်ယူမှုရှိကြောင်းသိရပါသည်။ ဈေးနှုန်းအနေဖြင့် ပဲတစ်တင်းလျှင် ၅၃၅၀၀ကျပ်မှ ၅၄၅၀၀ကျပ်အထိဈေးနှုန်းတို့ဖြင့် ပဲအရည်အသွေးပေါ်မူတည်၍ ရောင်းဝယ်မှုဖြစ်ကြပါသည်။ ပဲတီစိမ်းသီးနှံကို မတ်ပဲ၊ ကုလားပဲသီးနှံများကဲ့သို့ တစ်နှစ်တာကာလပတ်လုံး ရောင်းဝယ်နေခြင်းမဟုတ်ဘဲ  ၎င်းမှာ ပဲထွက်ပေါ်ချိန်ကာလတွင်သာ ရောင်းဝယ်မှုအဖြစ်များသောသီးနှံဖြစ်သည်။ ပဲတီစိမ်းသီးနှံအား ပြည်ခရိုင်တွင် မိုးပဲနှင့်  ဆောင်းပဲဟူ၍  ၂ရာသီထွက်ပေါ်ကြောင်းသိရပါသည်။

DOCA(ပဲခူး)