
ပြည်ပဲဈေးကွက်၏ လက်လီပဲဈေးကွက်၌ ဈေးအမြင့်ဖြင့် ရောင်းဝယ်လျက်ရှိသောပဲသီးနှံမှာ ပဲနီပြားသီးနှံဖြစ်ပါသည်။ ပဲနီပြားသီးနှံသည် ယခုနှစ်အတွင်း ဈေးကောင်းရသော သီးနှံအမျိုးအစားထဲတွင်ပါဝင်နေပြီး ပဲဈေးကွက်၌ လက်လီဝယ်ယူသူများဖြင့် တစ်ရက်လျှင် ပိဿာ (၂၀)ဝင်အိတ် (၂၀/၃၀) ကျော်ရောင်းဝယ်မှုဖြစ်ခဲ့ကြပါသည်။ ပဲဈေးနှုန်းမှာ ပဲအရည်အသွေးကိုလိုက်၍ တစ်တင်းလျှင် ၁၁၀၀၀၀ကျပ်မှ ၁၂၀၀၀၀ကျပ်အထိ ဈေးမြင့်အတိုင်း ဆက်လက် အရောင်းအဝယ်ဖြစ်နေခဲ့ပါသည်။ ယခင်နှစ်တွင် ပဲနီပြားသီးနှံဈေးမှာ တစ်တင်းလျှင် ၅၃၀၀၀ကျပ်မှ ၅၅၀၀၀ကျပ်အထိသာရရှိခဲ့သည့်အတွက် ယခုနှစ်တွင် ပဲနီပြားသီးနှံဈေးနှုန်းမှာ စံချိန်တင်မြင့်တက်လာခဲ့သော သီးနှံဖြစ်ကြောင်းသိရှိရပါသည်။
DOCA(ပဲခူး)