ရွှေတောင်မြို့နယ်၏ ဝါးဥဈေးနှုန်း

Powered by Drupal

    ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ဆည်ကြီးကုန်းအုပ်စုသို့ (၁၀-၁၁-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် သွားရောက်၍ ကွင်းဆင်းလေ့လာခဲ့ပါသည်။ ဝါးဥများမှ ဝါးဥသေးလေးများကိုချိုး၍ ပြန်ပျိုးထားကာ အပင်ထွက်လာမှသာ တစ်ဖန်ပြန်လည်စိုက်ပျိုးရပါသည်။ တောင်ရေ (၁၅၀) ရှိသော မြောင်း (၁၀)မြောင်းရှိပါသည်။ စိုက်ဧကမှာ တစ်ပေပတ်လည်စိုက်ရှိပါသည်။ မိုးဦးကျဖြစ်သော နယုန်လ၌စတင်စိုက်ပျိုးပြီး တန်ဆောင်မုန်းလတွင် စတင်တူဖော်ရပါသည်။ အလုပ်သမားအနည်းအများပေါ်မူတည်ပြီး တစ်နေကုန်တူးဖော်ရပါသည်။ ဝါးဥပိဿာချိန် (၁၅၀) ကျော်ထွက်ရှိပါသည်။ ဝါးဥအသေး/အကြီးပေါ်မူတည်၍ သောင်းမြောင်း (၁)ပိဿာလျှင် (၁၇၀၀)ကျပ်ဖြင့်ရောင်းချပြီး အကြီးတစ်ပိဿာလျှင် (၂၅၀၀)ကျပ်ဖြင့်ရောင်းချကြသည်။ ညောင်ဝိုင်းဒိုင်မှ လာရောက် ဝယ်ယူကြပြီး နယ်ပေါင်းစုံသို့ တင်ပို့ရောင်းချရပါသည်။ စတင်စိုက်ပျိုးချိန်မှ ခူးဆွတ်ချိန်အထိ စုစုပေါင်းကုန်ကျငွေ ကျပ်(၁)သိန်းခွဲကုန်ကျပြီး အကျိုးအမြတ်မှာ ကျပ်(၁)သိန်းကျော်ရှိကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)