ပြည်ခရိုင်၊ ပြည်မြို့၊ မြို့သစ်ဈေးတွင်ရောင်းချနေသော အခြေခံစားသောက်ကုန်များ၏ ဈေးနှုန်းအခြေအနေ

Powered by Drupal

  ပြည်ခရိုင်၊ ပြည်မြို့သစ်ဈေးတွင် ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ တတိယပတ်အတွင်း အခြေခံစားသောက်ကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်းတစ်ပြည်လျှင် (၅၄၀၀)ကျပ်၊ ပုသိမ်ပေါ်ဆန်းဆန်တစ်ပြည်လျှင် (၅၀၀၀)ကျပ်နှင့် ရိုးရိုးပေါ်ဆန်းတစ်ပြည်လျှင် (၄၈၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်နေပါသည်။ ကြက်သွန်နီ (ကြီး/လတ်/သေး) တစ်ပိဿာလျှင် ကျပ်(၃၈၀၀-၃၉၀၀)/ (၄၀၀၀-၄၁၀၀)/ (၄၂၀၀-၄၃၀၀)၊ ကြက်သွန်ဖြူ (ရှမ်း) တစ်ပိဿာလျှင် လက်လီဈေး (၁၅၀၀၀)၊ ကြက်သွန်ဖြူ (ကြူကုတ်) တစ်ပိဿာလျှင် လက်လီဈေး (၁၇၀၀၀)ကျပ်၊ အာလူးတစ်ပိဿာလျှင် (၄၀၀၀)ကျပ်မှ (၄၂၀၀)ကျပ်အထိ၊ ချင်းတစ်ပိဿာလျှင် (၆၀၀၀)ကျပ်မှ (၆၅၀၀)ကျပ်အထိတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။

    ကြက်ဥ လက်လီဈေးမှာ အကြီးတစ်လုံးလျှင် (၂၈၀)ကျပ်၊ အလတ်တစ်လုံးလျှင် (၂၆၀)ကျပ်၊ အသေးတစ်လုံးလျှင် (၂၄၀)ကျပ်၊ ဘဲဥ လက်လီဈေးမှာ အကြီးတစ်လုံးလျှင် (၃၅၀)ကျပ်၊ အသေးတစ်လုံးလျှင် (၃၀၀)ကျပ်၊ အသားငါးဈေးနှုန်းများမှာ ကြပ်သား (CP)တစ်ပိဿာလျှင် (၁၂၀၀၀)ကျပ်၊ ဝက်သားသုံးထပ်သားဈေးတစ်ပိဿာလျှင် (၁၈၀၀၀)ကျပ်၊ အမဲသားတစ်ပိဿာလျှင် (၁၅၀၀၀)ကျပ်၊ ဆိတ်သားတစ်ပိဿာလျှင် (၂၅၀၀၀)ကျပ်၊ ငါးမြစ်ချင်းတစ်ပိဿာလျှင် (၉၀၀၀)ကျပ်၊ ငါးကြင်းတစ်ပိဿာလျှင် (၁၃၀၀၀)ကျပ်တို့ဖြင့် ရောင်းဝယ်နေကြောင်းသိရပါသည်။

     စားသုံးဆီဈေးနှုန်းများမှာ မြေပဲဆီသန့်တစ်ပိဿာလျှင် (၁၃၀၀၀)ကျပ်၊ နှမ်းဆီတစ်ပိဿာလျှင် (၁၂၅၀၀)ကျပ်နှင့် စားအုန်းဆီတစ်ပိဿာလျှင် (၅၃၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)