တရားမဝင်စားသုံးဆီများ ရောင်းချခြင်းမရှိစေရေး ကွင်းဆင်းဆောင်ရွက်ပေး

Powered by Drupal

  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၊ မြို့နယ်တာဝန်ခံ ဒုတိယဦးစီမှူးဒေါ်ဌေးဌေးဝင်းသည် (၂၀.၁၁.၂၀၂၃) ရက်နေ့၊ နံနက်(၀၉:၀0)နာရီအချိန်တွင် ပွင့်ဖြူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ပြည်သူ့ကျန်းမာရေးအဖွဲ့နှင့်ပူးပေါင်း၍ ပွင့်ဖြူမြို့မဈေးအတွင်း ရောင်းချနေသောဆီအရောင်းဆိုင်များနှင့် မြို့ပေါ်ရပ်ကွက်များရှိ ဆီအမျိုးမျိုးရောင်းချနေသော စားသုံးဆီအရောင်းဆိုင်(၁၀)ဆိုင်အား တရားမဝင်တင်သွင်းထားသော "ပုဇွန်" အမှတ်တံဆိပ်များအား ဈေးကွက်အတွင်းရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။           

          ထို့သို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒုတိယ ဦးစီးမှူး ဒေါ်ဌေးဌေးဝင်းနှင့် ဌာနဆိုင်ရာများမှ စားသုံးဆီအမျိုးမျိုးရောင်းချနေသော လုပ်ငန်းရှင်များအား တရားမဝင်တင်သွင်းလာသော "ပုဇွန်"အမှတ်တံဆိပ်ဆီများအား ရောင်းချခြင်းမပြုကြရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ လုပ်ငန်းရှင်များလိုက်နာရမည့် အခန်း(၁၀)၊ ပုဒ်မ(၂၁)အား အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)