ကျောက်ဆည်ခရိုင်၊ ယာမြေများတွင် ကုလားပဲများအောင်မြင်ဖြစ်ထွန်းပြီး ကုလားပဲရွက်များ ဈေးကောင်းရ”

Powered by Drupal

    မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၌ ကုလားပဲ(ဆောင်း)များစတင်စိုက်ပျိုးလျက်ရှိရာ (၂၀၂၃-၂၀၂၄) ဘဏ္ဍာနှစ်တွင် ကုလားပဲ(ဆောင်း) လျာထားစိုက်ဧက(၆၈၂၇၇)ဧကရှိပြီး ယခုအချိန်၌ ကျောက်ဆည်မြို့နယ်တွင် (၈၂၀)ဧက၊ စဉ့်ကိုင်မြို့နယ်တွင် (၉၀၅)ဧက၊ စုစုပေါင်း (၁၇၂၅)ဧကစိုက်ပျိုးပြီးဖြစ်ကြောင်း၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၏ စာရင်းများအရသိရှိရပါသည်။ ကျောက်ဆည်ခရိုင်အတွင်းရှိ ယာမြေများ၌ အောက်တိုဘာလ တတိယပတ်တွင် ကုလားပဲကို မိုးရေအစိုဓာတ်ဖြင့်စိုက်ပျိုးကြပြီး တချို့မှာ မိုးရေအစိုဓာတ်အပြင် ရေစက်များဖြင့် ရေတင်၍စိုက်ပျိုးကြကြောင်း၊ ရေဖြင့် ထပ်မံတင်၍စိုက်ပျိုးသောယာမြေများသည် မိုးရေဖြင့်စိုက်ပျိုးသည့် ယာမြေများထက် ပို၍ကောင်းမွန်ပြီး အထွက်နှုန်းပိုမိုကောင်းမွန်ကြောင်း တောင်သူများထံမှသိရှိရပါသည်။ တောင်သူများသည် ကုလားပဲမျိုးကို မိမိ၏အိမ်တွင် သေချာစွာသိမ်းဆည်းထားပြီး မျိုးအဖြစ်အသုံးပြုကြပြီး တချို့တောင်သူများမှာ ဝယ်ယူ၍စိုက်ပျိုးကြကြောင်း၊ ယခုနှစ်စိုက်ပျိုးချိန်တွင် ကုလားပဲမျိုးဈေးနှုန်းအနေဖြင့်  ကုလားပဲ(ရိုးရိုး) တစ်တင်းလျှင် (၇၈၀၀၀)ကျပ်၊ ကုလားပဲ(V2)တစ်တင်းလျှင် (၈၆၀၀၀) ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်းဝယ်လျက်ရှိကြောင်း၊ ကုန်ကျစရိတ်အနေဖြင့် တစ်ဧကလျှင် (၂၅၀၀၀၀)ကျပ်ခန့်ကုန်ကျကြောင်း၊ ကုလားပဲသည် ကုန်ကျစရိတ်သက်သာပြီး အချိန်ကုန်သက်သာမှုကြောင့် ဝင်ငွေတိုးပြီး နွေရာသီသုံးငွေအဖြစ်ရရှိသည့်အတွက် တောင်သူအများစုမှာ အများဆုံးစိုက်ပျိုးကြကြောင်း၊ ယာမြေများတွင် ကုလားပဲ()ဧကလျှင် ()တင်းနှုန်းပတ်ကြဲရပြီး လယ်မြေများတွင် ()ဧကလျှင် ()တင်းခွဲနှုန်းပိုမို၍စိုက်ပျိုးရကြောင်း၊ အကြောင်းရင်းမှာ ယာမြေများသည် လယ်မြေမျာထက် မြေသန်ခြင်းကြောင့်ဖြစ်ပါသည်။ ယခုအခါ ကုလားပဲအပင်ပေါက်များအောင်မြင်စွာဖြစ်ထွန်းနေပြီး ကုလားပဲရွက်များခူး၍ ဈေးထဲတွင် ရောင်းချလျက်ရှိကြောင်း၊ ကုလားပဲရွက် ()ပိသာလျှင် ဖောက်သည်ဈေးမှာ (၉၀၀၀)ကျပ်ရှိပြီး လက်လီဈေးအနေဖြင့် ကုလားပဲရွက် (၁၀)ကျပ်သားလျှင် (၁၀၀၀)ကျပ်ဖြင့်ရောင်းချလျက်ရှိပါသည်။ ကုလားပဲရွက်ကို ဟင်းချိုရည်အဖြစ်လည်းကောင်း၊ အသုပ်သုပ်၍လည်းကောင်း၊ ကြော်ချက်၍လည်းကောင်း စားသုံးကြပါသည်။ ကုလားပဲကိုကြိတ်ခွဲလျှင် ကုလားပဲဆံကိုရရှိပြီး ကုလားပဲဆံကို အလှူပွဲများတွင် ပဲနှပ်အဖြစ် မပါမဖြစ်ချက်ပြုတ်ကျွေးမွေးကြကြောင်း၊ ကုလားပဲဆံဖြင့် မုန့်အမျိုးမျိုးပြုလုပ်၍ လည်းရောင်းချလျက်ရှိကြောင်း၊ ဈေးနှုန်းအနေဖြင့် ယခုအချိန်တွင် ကုလားပဲများထွက်ရှိခြင်းမရှိသေးသော်လည်း ယခင်နှစ်တွင်ထွက်ရှိခဲ့သော ကုလားပဲဈေးနှုန်းများမှာ ကုလားပဲ(ရိုးရိုး)တစ်တင်းလျှင် (၆၅၀၀၀)ကျပ်၊ ကုလားပဲ(V2)တစ်တင်းလျှင် (၇၀၀၀၀) ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)