“ဈေးကောင်းရနေသောချဉ်ပေါင်ဖူး”

Powered by Drupal

    မိုးအကုန်ဆောင်းအကူးတွင် ရာသီပေါ်သီးနှံမျိုးစုံထွက်ရှိလျက်ရှိရာ ယခုလတ်တလောတွင် မြေလွတ်၊ မြေရိုင်းများနှင့် လယ်ကန်သင်းဘေးများတွင်စိုက်ပျိုးထားသော ချဉ်ပေါင်ပင်များမှ ချဉ်ပေါင်ဖူးများထွက်ရှိလျက်ရှိပါသည်။ တောင်သူအများစုမှာ မိသားစုအပိုဝင်ငွေရရှိစေရန် ဗမာချဉ်ပေါင်နှင့်အဖူးပါစားသုံးလို့ရသော ဒေသအခေါ် ဘိလပ်ချဉ်ပေါင်များကို အများဆုံးစိုက်ပျိုးကြပါသည်။ အဖူးမှာ အခွံအစိမ်းနှင့် အခွံနီချဉ်ပေါင်ဖူးဟူ၍ အမျိုးအစား(၂)မျိုးရှိရာ အစိမ်းရောင်အဖူးမှာ လူကြိုက်များ၍ အရောင်းသွက်ကြောင်း၊ ဈေးနှုန်းမှာ ချဉ်ပေါင်ဖူး(၁)ပြည်လျှင် (၂၀၀၀)ကျပ်ခန့်အထိရောင်းချနေရပြီး ယခင်နှစ်ချဉ်ပေါင်ဖူဈေးနှုန်းမှာ (၁)ပြည်လျှင် (၉၅၀)ကျပ်ဖြင့်သာရောင်းချခဲ့ကြောင်း၊ ချဉ်ပေါင်ဖူးများကို ခူးဆွတ်ပြီးအစေ့နှင့် အဖူးအခွံအဖြစ်  ပြန်လည်ခွဲထုတ်ပေးရပါသည်။ (၁)ပြည်လျှင် အခွံခွာခ (၃၀၀)ကျပ်ပေးရပါသည်။ ချဉ်ပေါင်ပင်ပေါ်မူတည်၍ ချဉ်ပေါင်အထွက်နှုန်းကွာခြားမှုရှိကြောင်း၊ ချဉ်ပေါင်ဖူးများကို နီးစပ်ရာမြို့များနှင့် ပတ်ဝန်းကျင်ရွာများမှ လာရောက်ဖောက်သည်ယူ၍ တစ်ဆင့်ပြန်လည်ရောင်းချကြကြောင်း၊ မြေလွတ်မြေရိုင်းများတွင် စိုက်ပျိုးသောချဉ်ပေါင်ပင်များမှ အဖူးအပွင့်များကိုခူးယူ၍ ရောင်းချကြပြီး တောင်သူများအတွက် အပိုဝင်ငွေရရှိသောကြောင့် ချဉ်ပေါင်ဖူးပင်ကိုစိုက်ပျိုးသင့်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

DOCA(မန္တလေး)