ကျွန်းလှမြို့”ကုဋေစိုး “ဆီစက်လုပ်ငန်းရှင်နှင့်တွေ့ဆုံအသိပညာပေးခြင်း

Powered by Drupal

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် “ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်စေရန်” ဆိုသည့် မျှော်မှန်းချက်နဲ့အညီ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်ဝေဝေအောင်သည် ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ(၂၃)ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊  ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့၊ သစ်ရာမြိုင်ရပ်ကွက်ရှိ” ကုဋေစိုး “ဆီစက်လုပ်ငန်းရှင်နှင့်သွားရောက်တွေ့ဆုံဆွေးနွေး၍ အသိပညာပေးခဲ့ပါသည်။

     ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့နယ်တာဝန်ခံ ဒေါ်ဝေဝေအောင်က ဆီဆိုသည်မှာ လူတို့စားသုံးရသော စားသုံးဆီဖြစ်သည့်အတွက် ဆီများထုတ်လုပ်ရောင်းချခြင်းနှင့်ပတ်သက်၍ စားသုံးသူအကာအကွယ်ပေးရေးဥပဒေ(၂၀၁၉)၊ အခန်း(၁၅)၊ ပုဒ်မ(၂၈)အရ ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုများလုံခြုံစိတ်ချရမှုရှိစေရေးနှင့် စားသုံးသူပြည်သူများဘေးအန္တရာယ်ကင်းရှင်းစေရေးတို့အတွက် "ကုဋေစိုး" ဆီစက်လုပ်ငန်းအနေဖြင့် ဆီများကြိတ်ခွဲထုတ်လုပ်ရာတွင် သန့်ရှင်းသပ်ရပ်မှုရှိ/ မရှိ၊ အချင်အတွယ်မှန်ကန်မှုရှိ/ မရှိ၊ ဆီများထုတ်လုပ်မှုအဆင့်ဆင့်တွင်လည်း သန့်ရှင်းသပ်ရပ်စွာထုတ်လုပ်စေရေးနှင့် ဆီများထုတ်လုပ်ရာတွင် ကုန်အညွှန်းအမှတ်အသားများပြည့်စုံမှန်ကန်စွာထည့်သွင်းဖော်ပြရန်တို့အတွက် ဌာနမှဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် မိမိတို့မြို့နယ်အတွင်း ထုတ်လုပ်နေသောလုပ်ငန်းရှင်များကိုလည်း စားသုံးသူရေးရာဦးစီးဌာနမှ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြခြင်းနှင်ပတ်သက်၍ အခမဲ့ဆောင်ရွက်ပေးနေကြောင်းနှင့် “ကုဋေစိုး” ဆီစက်မှ ထုတ်လုပ်နေသောဆီများကို  မိမိတို့ကိုယ်ပိုင်အမှတ်တံဆိပ်ကပ်၍ ကုန်အညွှန်းအမှတ်အသားလျှောက်ထားရန် တိုက်တွန်းပြောကြားခဲ့ပါသည်။ ထို့နောက် စားသုံးသူကာကွယ်ပေးရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များလိုက်နာဆောင်ရွက်ရမည့် တာဝန်များအကြောင်းကို ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီးနောက် ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ပါ စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)