သိမ်ဖြူဈေးတွင်ဖြစ်ပေါ်ခဲ့သော ကြက်သွန်ဖြူ၊ ကြက်သွန်နီ လက်ကားဈေးနှုန်းများ

Powered by Drupal

    ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာ‌တောင်ညွန့်မြို့နယ်၊ သိမ်ဖြူဈေးကြီးသို့ ဘုရင့်နောင်ကုန်စည်ဒိုင်နှင့် ရှမ်းပြည်နယ်တို့မှ ကြက်သွန်ဖြူ၊ ကြက်သွန်နီများသည် ကား/ရထားတို့ဖြင့် နေ့စဉ် ဝင်ရောက်လျက်ရှိပြီး လက်လီ/လက်ကားပြန်လည်ရောင်းချလျက်ရှိရာ (၁၆-၁၁-၂၀၂၃) ရက်နေ့မှ (၂၂-၁၁-၂၀၂၃) ရက်နေ့အတွင်း ကြက်သွန်နီ(ဆိပ်ဖြူ) အဝင် ၃၃၁၀၀ပိဿာနှင့် ကြက်သွန်ဖြူ (ကြူကုတ်) ၇၇၅၀ပိဿာဝင်ရောက်ခဲ့ပြီး ကြက်သွန်နီ(ဆိပ်ဖြူ) လက်ကားဈေးမှာ တစ်ပိဿာလျှင်  ၂၉၀၀/-ကျပ်မှ ၃၉၀၀/-ကျပ်ထိဖြစ်ပြီး  ကြက်သွန်ဖြူ (ကြူကုတ်) လက်ကားဈေးမှာ တစ်ပိဿာလျှင်  ၁၁၀၀၀/-ကျပ်မှ ၁၂၅၀၀/-ကျပ်ထိဖြစ်ပေါ်ခဲ့ပြီး ကြက်သွန်ဖြူဈေးနှုန်းမှာ အနည်းငယ်ကျဆင်းကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)