ပေါက်မြို့နယ်၊ ယောချောင်းဘေးရှိ အောက်ကျင်းကျေးရွာ၏ ခရမ်းချဉ်သီးစိုက်ပျိုးထွက်ရှိမှုနှင့် ဈေးနှုန်းအခြေအနေ

Powered by Drupal

    မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်၊ ပျဉ်းချောင်းအုပ်စု၊ ယောချောင်းဘေးရှိ အောက်ကျင်းကျေးရွာ၌ ခရမ်းချဉ်သီးကို စီးပွားဖြစ်စိုက်ပျိုးလျက်ရှိကြောင်းသိရှိရပါသည်။

  ခရမ်းချဉ်သီးကို တိုင်ထောင်စနစ်ဖြင့်   စက်တင်ဘာလမှစတင်၍စိုက်ပျိုးကြောင်း၊  ထိုင်ဝမ်ခရမ်းချဉ်မျိုးကိုစိုက်ပျိုးကြပြီး မျိုးစေ့(၁)ထုပ်လျှင်  ကျပ်(၂၅၀၀၀) ပေးရပြီး (၁)ဧကလျှင်မျိုးထုပ် (၁၀)ထုပ်ခန့်ကုန်ကျကြောင်း၊ ခရမ်းချဉ်သီးစိုက်တောင်သူမှာ (၁၀)ဦးခန့်ရှိပြီး စိုက်ဧကမှာ (၁၅)ဧကကျော်ရှိကြောင်း၊ (၁)ဧကလျှင် ကုန်ကျစရိတ်မှာ မျိုးဖိုး၊ တိုင်စိုက်ရန်အတွက် (၁၀)ပြားစေ့အရွယ်ခန့်ရှိသော သစ်သားချောင်းဖိုး၊ ဝါးဖိုး၊ သွပ်နန်းကြိုးဖိုး၊ ပလတ်စတစ်ကြိုးဖိုး၊ ရေသွင်းရန်ပိုက်ဖိုးအပါအဝင် စုစုပေါင်းကုန်ကျစရိတ်မှာ ကျပ်(၂၄)သိန်းကုန်ကျကြောင်း၊ ပျိုးထောင်ပြီး(၅)ရက်အကြာတွင် အညှောင့်ထွက်၍ အပင်(၂၀)ရက်သားကျော်လျှင် ပေါင်တင်စနစ်ဖြင့် မြေချစိုက်ပျိုးရကြောင်း၊ ပျိုးပင်(၁)ပင်နှင့်(၁)ပင်အကွာအဝေးကို (၁)တောင်ခန့်ထားရှိရကြောင်း၊ စိုက်ပျိုးပြီး (၂)လခွဲခန့်အကြာတွင် အသီးစတင်ခူးဆွတ်နိုင်ပြီး (၂)ရက်လျှင် (၁)ကြိမ်ခူးဆွတ်ရကြောင်း၊ နိုဝင်ဘာလတွင် အသီးများစတင်လှိုင်လှိုင်ထွက်ရှိနေပြီဖြစ်၍ (၁)ရက်လျှင် ပိဿာချိန်(၇၀၀)ပိဿာခန့်ထွက်ရှိကြောင်း၊ ယခင်နှစ်တွင် ခရမ်းချဉ်သီးဈေးနှုန်းမှာ အမြင့်ဆုံးအနေဖြင့် (၁)ပိဿာလျှင် ကျပ်(၂၀၀၀)ရရှိခဲ့ကြောင်း၊ ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ(တတိယပတ်)တွင် (၁)ပိဿာလျှင် ကျပ်(၁၆၀၀)ရရှိကြောင်း၊ ထွက်ရှိပြီးသောခရမ်းချဉ်သီးများကို ကံမ္မမြို့နှင့်ပခုက္ကူမြို့သို့ အဓိကတင်ပို့ရောင်းချကြောင်း အောက်ကျင်းကျေးရွာနေ ခရမ်းချဉ်စိုက်တောင်သူ ဦးမောင်ထွေးထံမှသိရှိရပါသည်။

DOCA(မကွေး)