စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးအနေဖြင့် (၂၈-၁၁-၂၀၂၃) ရက်နေ့၊ နံနက်(၉:၃၀)နာရီအချိန်တွင် ပိတောက်မြိုင်ဈေးသို့သွားရောက်၍ အခြေခံစားသောက်ကုန်ဈေးနှုန်းများကိုကောက်ယူခဲ့ပါသည်။
ထိုသို့ဆောင်ရွက်ခဲ့ရာတွင် ပိတောက်မြိုင်ဈေးအတွင်းရှိ ကုန်ခြောက်ဆိုင်များတွင်ရောင်းချနေသော (၁)ပိဿာဈေးနှုန်းများမှာ ကြက်သွန်နီ (၃၈၀၀မှ ၄၀၀၀)ကျပ်၊ ကြက်သွန်ဖြူ (ဗမာ) (၁၈၀၀၀မှ ၂၀၀၀၀)ကျပ်၊ ကြက်သွန်ဖြူ(ကြူကုတ်) (၁၈၀၀၀မှ ၂၀၀၀၀)ကျပ်၊ ငရုတ်သီးခြောက် (ရှည်) (၁၅၀၀၀မှ ၁၇၀၀၀)ကျပ်၊ ငရုတ်ခြောက်(ပု) (၂၂၀၀၀မှ ၂၃၀၀၀)ကျပ်၊ အာလူး (၃၅၀၀မှ ၄၀၀၀)ကျပ်၊ ကုလားပဲ ၅၅၀၀ကျပ်နှင့် သကြား ၄၅၀၀ကျပ်အတွင်း စသည်ဖြင့် ဈေးနှုန်းသီးသီးရှိကြပြီး သား/ငါးဈေးနှုန်းများကို ဆက်လက်စုံစမ်းရာတွင် ငါးကြင်း ၁၅၀၀၀ကျပ်၊ ငါးမြစ်ချင်း ၁၂၀၀၀ကျပ်နှင့် ငါးသလောက် (၁၀၀၀၀မှ ၁၃၀၀၀)ကျပ်ဖြစ်ကာ ငါးသလောက်မှာ ဆောင်းရာသီ၌ ပေါ်ချိန်ဖြစ်၍ ကုန်အဝင်များသောကြောင့် ယခင်ထက်ဈေးကျလာကြောင်း၊ ဟင်းသီးဟင်းရွက်ဈေးနှုန်းများမှာလည်း ထန်းတပင်မြို့နယ်ဘက်မှ အဝင်ရှိသောကြောင့် အခြားမြို့နယ်များထက် ဈေးနှုန်းသက်သာခဲ့ပြီး လှိုင်သာယာမြို့နယ်သည် အခြေခံလူတန်းစားအများအပြားနေထိုင်သောကြောင့် ကုန်ပစ္စည်းရောင်းချသူများအနေဖြင့်လည်း မိမိတို့ကုန်ပစ္စည်းများကို ရက်ကြာကြာမရောင်းရဘဲ ဝယ်လိုအားများကြောင်း သုံးသပ်တင်ပြလိုက်ရပါသည်။
DOCA(ရန်ကုန်)