ထိုင်းဆန်စျေးနှုန်းများမှာ ၁၀၀မှတ်ဘီဂရိတ်ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ၆၁၇ဖြင့်လည်းကောင်း၊ ၂၅မှတ်ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ၅၇၇ဖြင့်လည်းကောင်း စျေးနှုန်းအနည်းငယ်မြင့်တက်သွားခဲ့ပြီး ပေါင်းဆန်စျေးနှုန်းမှာ အမေရိကန်ဒေါ်လာ၆၀၂ဖြင့် စျေးနှုန်းအနည်းငယ်မြင့်တက်လျက်ရှိကြောင်းသိရှိရသည်။
ဗီယက်နမ်ဆန်ဈေးနှုန်းများမှာ ၅မှတ်ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၆၆၇ဖြင့်လည်းကောင်း၊ ၂၅မှတ်ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ၆၅၂ဖြင့်လည်းကောင်း စျေးနှုန်းမြင့်တက်လျက်ရှိပြီး ဆန်ကွဲစျေးနှုန်းတို့ကိုဖော်ပြထားခြင်းမရှိပါ။
အိန္ဒိယဆန်စျေးနှုန်းများမှာ ၅မှတ်ဆန်နှင့် ၂၅မှတ်ဆန်ဈေးနှုန်းတို့ကိုဖော်ပြထားခြင်းမရှိပါ။ ပေါင်းဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ၅၀၂ဖြင့် ကျဆင်းနေကြောင်းသိရှိရပါသည်။
ပါကစ္စတန်ဆန်စျေးနှုန်းများမှာ ၅မှတ်ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ၅၈၂ဖြင့်လည်းကောင်း၊ ၂၅မှတ်ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ၆၅၂ဖြင့်လည်းကောင်း၊ ပေါင်းဆန်စျေးနှုန်းမှာ အမေရိကန်ဒေါ်လာ၅၅၀ဖြင့် ဈေးနှုန်းတည်ငြိမ်လျက်ရှိပြီး ဆန်ကွဲစျေးနှုန်းတို့ကိုဖော်ပြထားခြင်းမရှိကြောင်းသိရှိရပါသည်။
DOCA(ရန်ကုန်)