မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်၌ ယခုနိုဝင်ဘာလ(တတိယပတ်)တွင် မိုးရွာ သွန်းမှုများခြင်းကြောင့် ကြက်သွန်နီကုန်စည်ဒိုင်သို့ကုန်ဝင်နည်းကြောင်း၊ တစ်ပတ်အတွင်း ကြက်သွန်နီ ပျမ်းမျှကုန်ချိန် ပိဿာ(၁)သိန်းခန့်သာဝင်ရောက်ပြီး နိုဝင်ဘာလ(တတိယပတ်)အတွင်း ဆိပ်ဖြူမြို့မှ ကုန်စည်စီးဆင်းမှုမှာ ပိဿာ(၄)သိန်းခန့်စီးဆင်းကြောင်း ကုန်စည်ဒိုင်ဈေးကွက်မှသိရှိရသည်။
ဆိပ်ဖြူကြက်သွန်နီသည် ဈေးကွက်အနေဖြင့် နိုဝင်ဘာလ(တတိယပတ်)အစောပိုင်းတွင် အမြင့်ဈေးတစ်ပိဿာလျှင် ကျပ်(၂၉၀၀)၊ အနိမ့်ဈေးတစ်ပိဿာလျှင် ကျပ်(၂၄၀၀)ဈေးနှုန်းဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ပြီး အလယ်ပိုင်းတွင် အမြင့်ဈေး တစ်ပိဿာလျှင် ကျပ်(၂၈၇၅)၊ အနိမ့်ဈေးတစ်ပိဿာလျှင် ကျပ် (၂၃၀၀)၊ (တတိယပတ်)နှောင်းပိုင်းတွင် အမြင့်ဈေးတစ်ပိဿာလျှင် ကျပ်(၂၉၂၅)၊ အနိမ့်ဈေး တစ်ပိဿာလျှင် ကျပ်(၂၆၅၀)ဖြစ်ပြီး ယခင် နိုဝင်ဘာလ(ဒုတိယပတ်)အတွင်း ကြက်သွန်နီတစ်ပိဿာလျှင် အမြင့်ဈေး ကျပ်(၃၁၀၀)၊ ယခု(တတိယပတ်)တွင် ကြက်သွန်နီတစ်ပိဿာလျှင် အမြင့်ဈေး ကျပ်(၂၉၂၅)ဖြစ်၍ ကျပ်(၁၇၅)ဈေးကျပြီး အလတ်စနှင့်အသေးစတို့မှာလည်း ကျပ်(၁၅၀)ခန့်စီ ဈေးကျ၍ အရောင်းအဝယ် ဖြစ်ကြောင်း ဈေးကွက်မှသိရှိရသည်။
ယခု နိုဝင်ဘာလ(တတိယပတ်)တွင် ဆိပ်ဖြူကြက်သွန်နီသည် ဒေသတွင်း၊ ပြည်တွင်း ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကုန်ချိန်(၂)သိန်းခွဲခန့်၊ မြဝတီမြို့သို့ ကုန်ချိန်ပိဿာ(၁)သိန်းခွဲ၊ ပြည်မြို့သို့ ကုန်ချိန်ပိဿာ(၃)သောင်း၊ စုစုပေါင်း ကုန်ချိန်ပိဿာ(၄)သိန်းခန့်၊ တန်ချိန်(၆၅၃)ခန့် စီးဆင်းခဲ့ပြီး ယခု တစ်ပတ်အတွင်း ပြည်ပဝယ်လက်နည်း၍ ဈေးနှုန်းအနည်းငယ်ကျဆင်းခဲ့ကြောင်း ဈေးကွက်မှ သိရှိရသည်။
DOCA(မကွေး)