မုံရွာကုန်စည်ဒိုင်၏ ပဲမျိုးစုံ၊ အစေ့ထုတ်ပြောင်း၊ မြေပဲသီးနှံနှင့် နှမ်းမျိုးစုံတို့၏ ဈေးနှုန်းပြောင်းလဲမှုအခြေအနေ

Powered by Drupal

     မုံရွာကုန်စည်ဒိုင်တွင် ပဲအမျိုးအစားအလိုက် ဈေးနှုန်းများမှာ ယခင်နှစ်ကာလတူဈေးထက် ယခုနှစ် ပဲမျိုးစုံ၊ အစေ့ထုတ်ပြောင်းနှင့် နှမ်းမျိုးစုံဈေးနှုန်းများမှာ ဈေးပိုကောင်းလျက်ရှိပါကြောင်း မုံရွာကုန်စည်ဒိုင်ဈေးနှုန်းသတင်းများအရသိရသည်။

မတ်ပဲ

     မုံရွာကုန်စည်ဒိုင်၌ ၂၀၂၂ခုနှစ်၊  နိုဝင်ဘာလ(ပဉ္စမပတ်)တွင် ပဲတစ်တင်းလျှင် ကျပ်၅၄၀၀၀ ဖြစ်ခဲ့ပြီး ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ (ပဉ္စမပတ်)တွင် ပဲတစ်တင်းလျှင် ကျပ်၈၅၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ် သုံးသောင်းကျော်ဈေးနှုန်းမြင့်တက်ခဲ့ပြီး တစ်ရက်လျှင် အိတ်ရေ ၁၀အိတ်မှ ၁၅အိတ်ခန့် အရောင်းအဝယ်ဖြစ်ကြောင်းသိရသည်။

ပဲစင်းငုံ

     မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် နိုဝင်ဘာလ(ပဉ္စမပတ်)တွင် ပဲတစ်တင်းလျှင် ကျပ်၅၇၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် နိုဝင်ဘာလ(ပဉ္စမပတ်)တွင် ပဲတစ်တင်းလျှင် ကျပ်၁၂၅၅၀၀ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်ခြောက်သောင်းကျော်ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၁၀အိတ်မှ ၁၅အိတ်ခန့် အရောင်းအဝယ်ဖြစ်ကြောင်းသိရသည်။

ပဲတီစိမ်း

    မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် နိုဝင်ဘာလ(ပဉ္စမပတ်)တွင် ပဲတစ်တင်းလျှင် ကျပ်၄၅၅၀၀ဖြစ်ခဲ့ပြီး ယခုနှစ် နိုဝင်ဘာလ(ပဉ္စမပတ်)တွင် ပဲတစ်တင်းလျှင် ကျပ်၄၆၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်၅၀၀ဈေးနှုန်းမြင့်တက်ခဲ့ပြီး တစ်ရက်လျှင် အိတ်ရေ ၂၀အိတ်မှ ၃၀အိတ်ခန့် အရောင်းအဝယ်ဖြစ်ကြောင်းသိရသည်။

ကုလားပဲ

    မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် နိုဝင်ဘာလ(ပဉ္စမပတ်)တွင် ကုလားပဲဖြူလုံးကြီးတစ်တင်းလျှင် ကျပ်၆၂၀၀၀၊ 929  တစ်တင်းလျှင် ကျပ်၅၈၃၀၀၊ ထိုင်ဝမ်တစ်တင်းလျှင် ကျပ်၅၇၅၀၀ဖြစ်ခဲ့ပြီး ယခုနှစ် နိုဝင်ဘာလ(ပဉ္စမပတ်)တွင် ကုလားပဲဖြူလုံးကြီးတစ်တင်းလျှင် ကျပ်၈၉၀၀၀၊ 929  တစ်တင်းလျှင် ကျပ်၈၇၀၀၀၊ ထိုင်ဝမ်တစ်တင်းလျှင် ကျပ်၈၅၅၀၀ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်နှစ်သောင်းကျော်ဈေးနှုန်းမြင့်တက်ခဲ့ပြီး တစ်ရက်လျှင် အိတ်ရေ ၅၀အိတ်မှ ၇၀အိတ်ခန့် အရောင်းအဝယ်ဖြစ်ကြောင်းသိရသည်။

စွန်တာနီ/ပြာ

    မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် နိုဝင်ဘာလ(ပဉ္စမပတ်)တွင် ပဲတစ်တင်းလျှင် ကျပ်၄၃၀၀၀ဖြစ်ခဲ့ပြီး ယခုနှစ် နိုဝင်ဘာလ(ပဉ္စမပတ်)တွင် ပဲတစ်တင်းလျှင် ကျပ်၅၂၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်ကိုးထောင်ကျော်ဈေးနှုန်းမြင့်တက်ခဲ့ပြီး တစ်ရက်လျှင် အိတ်ရေ ၁၀အိတ်မှ ၂၀အိတ်ခန့် အရောင်းအဝယ်ဖြစ်ကြောင်းသိရသည်။

ထောပတ်ပဲ

    မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် နိုဝင်ဘာလ(ပဉ္စမပတ်)တွင် ပဲတစ်တင်းလျှင် ကျပ်၄၅၀၀၀ဖြစ်ခဲ့ပြီး ယခုနှစ် နိုဝင်ဘာလ(ပဉ္စမပတ်)တွင် ပဲတစ်တင်းလျှင် ကျပ်၁၀၅၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ခြောက်သောင်းခန့်ဈေးနှုန်းမြင့်တက်ခဲ့ပြီး တစ်ရက်လျှင် အိတ်ရေ ၁၀အိတ်မှ ၁၅အိတ်ခန့် အရောင်းအဝယ်ဖြစ်ကြောင်းသိရသည်။

အစေ့ထုတ်ပြောင်း

      မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် နိုဝင်ဘာလ(ပဉ္စမပတ်)တွင် ပြောင်းတစ်တင်းလျှင် ကျပ်၁၇၈၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် နိုဝင်ဘာလ(ပဉ္စမပတ်)တွင် ပြောင်းတစ်တင်းလျှင် ကျပ်၁၈၂၀၀ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်၄၀၀ဈေးနှုန်းမြင့်တက်ခဲ့ပြီး တစ်ရက်လျှင် အိတ်ရေ ၁၀အိတ်မှ ၁၅အိတ်ခန့် အရောင်းအဝယ်ဖြစ်ကြောင်းသိရသည်။

မြေပဲဆံသီးနှံ

     မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် နိုဝင်ဘာလ(ပဉ္စမပတ်)တွင် မြေပဲဆံနီတစ်ပိဿာလျှင် ကျပ်၅၅၀၀၊ မြေပဲဆံဖြူတစ်ပိဿာလျှင် ကျပ်၅၃၀၀ဖြစ်ခဲ့ပြီး ယခုနှစ် နိုဝင်ဘာလ(ပဉ္စမပတ်)တွင် မြေပဲဆံနီ တစ်ပိဿာလျှင် ကျပ်၆၇၀၀၊ မြေပဲဆံဖြူတစ်ပိဿာလျှင် ကျပ်၅၇၀၀ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်ပိဿာလျှင် ကျပ်တစ်ထောင်ကျော်မြင့်တက်ခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၅၀အိတ်မှ ၇၀အိတ်ခန့် အရောင်းအဝယ်ဖြစ်ကြောင်းသိရသည်။

နှမ်းမျိုးစုံသီးနှံ

     မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် နိုဝင်ဘာလ(ပဉ္စမပတ်)တွင် နှမ်းနက်တစ်တင်းလျှင် ကျပ်၇၇၅၀၀၊ နှမ်းဖြူတစ်တင်းလျှင် ကျပ်၈၀၀၀၀၊ နှမ်းညိုတစ်တင်းလျှင် ကျပ်၆၅၀၀၀ဖြစ်ခဲ့ပြီး ယခုနှစ် နိုဝင်ဘာလ(ပဉ္စမပတ်)တွင် နှမ်းနက်တစ်တင်းလျှင် ကျပ်၁၀၉,၀၀၀၊ နှမ်းဖြူတစ်တင်းလျှင် ကျပ်၁၁၀၀၀၀၊ နှမ်းညိုတစ်တင်းလျှင် ကျပ်၉၁၅၀၀ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်သုံးသောင်းခန့်ဈေးနှုန်းမြင့်တက်ခဲ့ပါသည်။ တစ်ရက်လျှင် အိတ်ရေ ၅၀အိတ်မှ ၇၀အိတ်ခန့် အရောင်းအဝယ်ဖြစ်ကြောင်း မုံရွာကုန်စည်ဒိုင်ဈေးနှုန်းများစာရင်းအရသိရပါသည်။

DOCA(စစ်ကိုင်း)