မုံရွာမြို့၊ ချင်းတွင်းရတနာဈေးအတွင်းရောင်းချနေသော အခြေခံစားသောက်ကုန်ဈေးနှုန်းများအခြေအနေ

Powered by Drupal

   စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ ဈေးများတွင် ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ(ပဉ္စမပတ်)အတွင်း ‌ရွှေဘိုပေါ်ဆန်း (တစ်အိတ်)လျှင် ၁၂၅,၀၀၀ကျပ်၊  ဧရာမင်း(ဆန်)(တစ်အိတ်)လျှင် ၁၄၅,၀၀၀ကျပ်၊ ဧည့်မထ ဆန် (တစ်အိတ်)လျှင် ၁၀၅,၀၀၀ကျပ်၊ ပဲဆီ(တစ်ပိဿာ)လျှင် ၁၂၅၀၀ကျပ်၊ နှမ်းဆီ (တစ်ပိဿာ) လျှင် ၁၂၅၀၀ကျပ်၊ နေကြာဆီ(တစ်ပိဿာ)လျှင် ၁၂၅၀၀ကျပ်၊ စားအုန်းဆီ (တစ်ပိဿာ) လျှင် ၅၂၀၀ကျပ်၊ ဆား(တစ်ပိဿာ)လျှင် (၆၀၀မှ ၇၀၀) ကျပ်၊ ငရုတ်ခြောက် (တစ်ပိဿာ) လျှင် (၁၃၀၀၀မှ ၁၄၀၀၀) ကျပ်၊ ကြက်သွန်နီ (တစ်ပိဿာ) လျှင် (၃၀၀၀မှ ၃၂၀၀) ကျပ်၊ ကြက်သွန်ဖြူ (ရှမ်းစ) (တစ်ပိဿာ) လျှင် (၁၂၀၀၀မှ ၁၂၀၀၀) ကျပ်၊ ကြက်သွန်ဖြူ (ကြူကုတ်) (တစ်ပိဿာ) လျှင် (၁၄၀၀၀မှ ၁၅၀၀၀) ကျပ်၊ အာလူး (တစ်ပိဿာ) လျှင် (၃၂၀၀မှ ၃၅၀၀) ကျပ်၊ မန်ကျည်းသီးမှည့် (တစ်ပိဿာ) လျှင် (၃၂၀၀မှ ၃၅၀၀) ကျပ်၊ နနွင်းတက် (တစ်ပိဿာ) လျှင် (၉၂၀၀မှ ၉၅၀၀) ကျပ်၊ ခရမ်းချဉ်သီး (တစ်ပိဿာ) လျှင် ၂၀၀၀ကျပ်၊ ဂေါ်ဖီထုပ် (တစ်ထုပ်) လျှင် ၁၀၀၀ကျပ်၊ ပဲသီး(ပဲထောင့်ရှည်)(တစ်စည်း)လျှင် ၆၀၀ကျပ်၊ ကြက်သား (တစ်ပိဿာ) လျှင် (၁၀၀၀၀မှ ၁၁၀၀၀) ကျပ်၊ ဝက်သား (တစ်ပိဿာ)လျှင် (၁၈၀၀၀မှ ၁၉၀၀၀) ကျပ်၊ အမဲသား (တစ်ပိဿာ) လျှင် (၁၃၀၀၀မှ ၁၄၀၀၀) ကျပ်၊ ဆိတ်သား(တစ်ပိဿာ)လျှင် (၂၀၀၀၀မှ ၂၂၀၀၀)ကျပ်၊ ငါးမြစ်ချင်း (တစ်ပိဿာ) လျှင် (၁၁၀၀၀မှ ၁၂၀၀၀)ကျပ်၊ ကြက်ဥ (၁)လုံးလျှင် ၂၅၀ကျပ်၊ ဘဲဥ (၁)လုံးလျှင် ၃၅၀ကျပ်၊ ဖရဲသီး (ကျောက်စိမ်း) (၁)လုံးလျှင် (၁၅၀၀မှ ၂၀၀၀) ကျပ်၊ ဖရဲသီး (၂၁၁) (၁)လုံးလျှင် (၁၀၀၀-၃၀၀၀) ကျပ် စသည်ဖြင့်  ဈေးနှုန်းအသီသီးရှိကြောင်းသိရသည်။

    ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက အခြေခံစားသောက်ကုန်များဖြစ်သည့် ဧရာမင်းဆန် (တစ်အိတ်) ဈေးနှုန်း၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ (ကြူကုတ်)၊ အာလူးဈေးနှုန်းများမှာ အနည်းငယ်မြင့်တက်နေပြီး  ကြက်သွန်ဖြူ (ရှမ်းစ)၊ နနွင်း၊ ငရုတ်ခြောက်ဈေးနှုန်းများမှာ အနည်းငယ်လျော့နည်းနေကြောင်း၊ စားအုန်းဆီဈေးနှုန်းများမှာ ရည်ညွှန်းဈေးပေါ်မူတည်၍ ဈေးနှုန်းအပြောင်းအလဲရှိကြောင်း ချင်းတွင်းရတနာဈေးရှိ လက်လီ/ လက်ကားရောင်းဝယ်ဖောက်ကားရောင်းချနေသော ကုန်သည်များထံမှသိရှိရပါသည်။

DOCA(စစ်ကိုင်း)