တောင်ငူမြို့၌ ကြက်ဥဈေးငြိမ်ပြီး ဘဲဥဈေးကျ

Powered by Drupal

   ကြက်ဥ၊ ဘဲဥသည် အလွယ်တကူချက်ပြုတ်စားသောက်နိုင်သည့် ဟင်းလျာတစ်မျိုးဖြစ်သည့်အပြင် အာဟာရဓာတ်လည်းပြည့်ဝ၊ အသားငါးထက်လည်း ဈေးနှုန်းချိုသာသဖြင့် ရောင်းအားကောင်းပါ သည်။ တောင်ငူမြို့တွင် ဥစားကြက်မွေးမြူရေးခြံများ၊ ဘဲမွေးမြူရေးခြံများမှ ကြက်ဥ၊ ဘဲဥများအပြင် တောင်ကြီးဒေသနှင့် ပြင်ဦးလွင်ဒေသများမှ ကြက်ဥများလည်းဝင်ရောက်လာပါသည်။

    ကြက်ဥမှာ ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ တတိယပတ်တွင် တစ်လုံးလျှင် အသေး ၂၄၀ကျပ်၊ အလတ် ၂၅၀ကျပ်နှင့် အကြီး ၂၇၀ကျပ်ရှိခဲ့ရာမှ နိုဝင်ဘာလ နောက်ဆုံးပတ်တွင် အသေး ၂၂၀ကျပ်၊ အလတ် ၂၄၀ကျပ်နှင့် အကြီး ၂၈၀ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်အပြောင်းအလဲရှိခဲ့ါသည်။

      ဘဲဥမှ နိုဝင်ဘာလ တတိယပတ်တွင် တစ်လုံး‌လျှင် အသေး ၂၈၀ကျပ်၊ အလတ် ၃၀၀ကျပ်နှင့် အကြီး ၃၂၀ကျပ်ရှိခဲ့ရာမှ နိုဝင်ဘာလ နောက်ဆုံးပတ်တွင် တစ်လုံး‌လျှင် အသေး ၂၆၀ကျပ်၊ အလတ် ၂၈၀ကျပ်နှင့် အကြီး ၃၀၀ကျပ်ဖြင့် ဈေးနှုန်းဆက်လက်ကျဆင်းခဲ့ပါသည်။

      ယခုကာလသည် ကထိန်ပွဲတော်ကာလ၌ အလှူအတန်းပေါများသဖြင့် ကြက်ဥ၊ ဘဲဥများ အရောင်းအဝယ်ကောင်းသောကာလဖြစ်ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)