သဲကုန်းမြို့နယ်တွင် ဆလပ်စိုက်ပျိုးခြင်းဖြင့် အပိုဝင်ငွေများရရှိနေ

Powered by Drupal

    ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် ခြံစိုက်တောင်သများ ဆလပ်ပင်စိုက်ပျိုးခြင်းဖြင့် အပိုဝင်ငွေများရရှိနေပါသည်။ ဆလပ်ပင်ကို သဲကုန်းမြို့နယ် ပုတီးကုန်း၊ ဆင်မြီးဆွဲ၊ တောင်ပို့လှဒေသများ၌ အစိုက်များပြီး  အများအားဖြင့် ဆောင်းရာသီတွင်စိုက်ပျိုးကြပါသည်။

    ဆလပ်ပင်စိုက်ပျိုးရာတွင် မျိုးစေ့ကို ပျိုးထောင်စိုက်ပျိုးခြင်းရှိသည့်အပြင် မျိုးစေ့တိုက်ရိုက်အစေ့ချစိုက်ပျိုးခြင်းများလည်းရှိပါသည်။ မျိုးစေ့ကို ပျိုးထောင်စိုက်ပျိုးမည်ဆိုပါက မျိုးစေ့ကို တစ်ညရေစိမ် ပေးရပါပြီး ပျိုးပေါင်ပေါ်တွင် တစ်တန်းနှင့်တစ်တန်းကြား လက်မဝက်ခွာ၍ ပျိုးထောင်ပေးရပြီး ပျိုးသက် (၂၀)ရက်ရှိပါက စိုက်ခင်းသို့ တန်းခြားတစ်ပေပင်ကြား၌ ရှစ်လက်မခန့်ခွာထားကာ ပြောင်းရွေ့စိုက်ပျိုးကြပါသည်။ စိုက်ခင်းသို့ရွေ့ပြောင်းစိုက်ပျိုးပြီး (၄၅)ရက်ကြာပါက စတင်ခူးဆွတ်ရောင်းချနိုင်ကြောင်းသိရှိရပါသည်။ ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ တတိယပတ်အတွင်း ဆလပ်တစ်ပင်လျှင်  (၆၀-၇၀) ကျပ်နှုန်းဖြင့် ကုန်သည်များက ခြံအရောက်ဝယ်ယူမှုရှိပြီး ဒေသတွင်းသာမက  အနီးပတ်ဝန်းကျင်မြို့နယ်များဖြစ်သော ပြည်၊ ရန်ကုန်မြို့နယ်များသို့ပါ တင်ပို့ရောင်းချလျက်ရှိကြောင်းသိရပါသည်။

DOCA(ပဲခူး)