တောင်ငူမြို့တွင် ဘိလပ်မြေဈေးနှုန်းအနည်းငယ်တက်၍ ငါးမူးလုံးသံချောင်းဈေးကျ

Powered by Drupal

    တောင်ငူမြို့တွင် ၂၀၂၃ခုနှစ်၊ အောက်တိုဘာလကုန်ပိုင်း၌ ဘိလပ်မြေတစ်အိတ်ဈေးနှုန်းမှာ ကြံ့နှစ်ကောင် (အနီ) ၈၆၀၀ကျပ်၊ ကြံ့နှစ်ကောင်(အစိမ်း) ၈၄၀၀ကျပ်၊ ထိုင်းဆင် ၈၅၀၀ကျပ်၊ Alpha ၈၃၀၀ကျပ်၊ Apache ၈၂၀၀ကျပ်၊ Rhino ၈၁၀၀ကျပ်၊ Max ၇၉၀၀ကျပ်ရှိပါသည်။

     ယခုနိုဝင်ဘာလ လကုန်ပိုင်းတွင် ဘိလပ်မြေတစ်အိတ်ဈေးနှုန်းမှာ ကြံ့နှစ်ကောင် (အနီ) ၈၅၀၀ကျပ်၊ ကြံ့နှစ်ကောင်(အစိမ်း) ၈၄၀၀ကျပ်၊ ထိုင်းဆင် ၈၅၀၀ကျပ်၊ Alpha ၈၇၀၀ကျပ်၊ Apache ၈၃၀၀ကျပ်၊ Rhino ၈၂၀၀ကျပ်၊ Max ၈၅၀၀ကျပ်ရှိပါသည်။

     သို့ဖြစ်ပါ၍ ကြံနှစ်ကောင်(အနီ)မှာ ၁၀၀ကျပ်ဈေးနှုန်းကျပြီး  Alpha မှာ  တစ်အိတ်လျှင် ၄၀၀ကျပ်၊ Apache မှာ တစ်အိတ်လျှင် ၁၀၀ကျပ်၊ Rhino တစ်အိတ်လျှင် ၁၀၀ကျပ်နှင့် Max မှာ တစ်အိတ်လျှင် ၆၀၀ကျပ်ဈေးတက်ခဲ့ပါသည်။

    ငါးမူးလုံး သံချောင်းမှာ ယခင်လကုန်ပိုင်းတွင် တစ်တန်လျှင် ၁၇၀၀၀၀၀ကျပ်ရှိခဲ့ရာမှ ယခုအပတ်တွင် တစ်တန်လျှင် ၁၅၀၀၀၀၀ကျပ်ဖြင့် ဈေးနှုန်းကျဆင်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)