ဘီးလင်းမြို့နယ်တွင် စားအုန်းဆီရောင်းချနေမှုအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ ဘီးလင်းမြို့နယ်တာဝန်ခံသည် (၁-၁၂-၂၀၂၃) ရက်နေ့နှင့် (၂-၁၂-၂၀၂၃) ရက်နေ့တို့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ ဘီးလင်းမြို့နယ်၊ မင်္ဂလာဈေး၊ ကန်သာယာရပ်ကွက်၊ ဘိုးရာဇာရပ်ကွက်နှင့် နှင်းပုလဲကျေးရွာတို့၌ စားဆီများရောင်းချနေမှုအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့သည်။

  ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် မွန်ပြည်နယ်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှခွဲဝေရရှိသော ဆီများကို ဘီးလင်းမြို့နယ်၊ ဘိုးရာဇာရပ်ကွက်နှင့် နှင်းပုလဲကျေးရွာရှိ ကုန်စုံဆိုင်များတွင် တစ်ပိဿာလျှင် (၅၅၀၀) ကျပ်ဖြင့် လူတစ်ဦးလျှင် တစ်ပိဿာနှုန်းဖြင့်ရောင်းချခဲ့ရာ စားသုံးသူများ စိတ်ကျေနပ်စွာဝယ်ယူခွင့်ရရှိခြင်းရှိ/မရှိ၊ သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချခြင်းရှိ/မရှိ၊ သတ်မှတ်အရေအတွက်အတိုင်း ရောင်းချခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြကြောင်းသိရှိရပါသည်။

DOCA(မွန်)